Q ဝင်နေသူများ၊ လော့ဒေါင်းကျနေသူများအတွက် အခမဲ့ပစ္စည်းပို့ဆောင်ပေးမယ့် ပရဟိတသူရဲကောင်းအဖွဲ့

Q ဝင်နေရသူများ လော့ဒေါင်း ကျနေရသူများ အခက်အခဲ ရှိပါက ဆက်သွယ်ပါ.. ကျနော်တို့ ကျွန်မတို့ သွားပို့ပေးပါမယ် အခမဲ့ ပရဟိတပါ…

လော့ဒေါင်း မိနေတဲ့မိသားစုတွေ၊ ပိုးတွေ့လူနာအဖြစ်နဲ့ မိသားစုနဲ့ ခွဲနေရသူတွေ၊ Q Center ကိုရောက်နေတဲ့သူတွေ စသဖြင့် အများကြီးရှိတယ်။ အဲဒီတော့ သူတို့နေရာမှာ..

ကိုဗစ် ပိုးတွေ့လူနာနှင့် စောင့်ကြည့်ခံရသူများထံ မိသားစုမှ ပို့ပေးချင်သည့်ပစ္စည်းများကို အခမဲ့ ပို့ဆောင်ခြင်းအပါအဝင် ယခုလတ်တလော အသွားအလာစောင့်ကြည့်စစ်ဆေးကာလအတွင်း ဈေးဝယ်ရန် အခက်အခဲကြုံနေရသည့် မိသားစုများအတွက် ပရဟိတကူညီဆောင်ရွက်ပေးနေသည့် အခမဲ့ ကူညီနေသော ပရဟိတ ဖြစ်ပါသည်။

Q စင်တာ Home Q သမားများအတွက် ပေးပို့ချင်တဲ့ပစ္စည်းများ စားစရာများ (အခြောက်အခြမ်း) စျေးဝယ်လိုအပ်သည်များကို အကူအညီတောင်းလိုလျှင် လှိုင်မြို့နယ် ကမာရွတ်မြို့နယ် စမ်းချောင်းမြို့နယ် မရမ်းကုန်းမြို့နယ် အင်းစိန်မြို့နယ် မှသူများအတွက် Lwin Ko Ko Tun (09775402732), Kyaw Than Htike (09695905300)

အရှေ့ပိုင်းခရိုင်အတွက် ဒေါက်တာလွင်မာထွန်း (09250571571), ဒေါ်မာမာအေး (09451177551)။ မင်္ဂလာတောင်ညွန့်အတွက် Min Kha (09797879300), Kyaw Kyaw Lwin (09798109310) နှင့် ကျန်မြို့နယ် အသီးသီးမှ Q ဝင်သူများ နှင့် Home Q ဝင်နေသူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေပါတယ်။

အခဲမဲ့ကူညီနေသူများပါရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page