အင်္ဂလန်မှာ Q ဝင်ရမယ့် ၁၄ ရက်အစား ၅ ရက်သို့ လျှော့ချ သတ်မှတ်

အင်္ဂလန်မှာ Q ဝင်ရမယ့် ၁၄ ရက်အစား ၅ ရက်သို့ လျှော့ချ သတ်မှတ်

အင်္ဂလန်မှာ ဒီဇင်ဘာ ၁၅ ရက်က စပြီး ကိုဗစ် ကူးစက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ ခရီးသွားတွေကို ကွာရန်တင်း သီးခြားနေရမဲ့ကာလ ၁၄ ရက်အစား ၅ ရက်ပဲ နေရတော့မယ်လို့ အစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ဒီအပြောင်းအလဲကြောင့် ခရစ္စမတ်ကာလ မိသားစုတွေ ခရီးသွားဖြစ်အောင် တွန်းအားဖြစ်စေမှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအတွင်း အထိအနာဆုံးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို အထောက်အကူပြုမှာပါ။

စည်းမျဉ်းသစ်အရ ခရီးသွားတွေဟာ ခရီးဆုံးကို ရောက်ရောက်ချင်း ဒါမှမဟုတ် ကွာရန်တင်း ၅ ရက် ဝင်အပြီးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ပုဂ္ဂလိက ကုမ္ပဏီ တခုခုမှာ စမ်းသပ်ခံရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ပေါင် ၁၀၀ (၁၃၃ ဒေါ်လာ) ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအပြောင်းအလဲမှာ ယူကေနိုင်ငံရဲ့ ကျန်ဒေသတွေတော့ အကျုံးမဝင်ပါဘူး။ မြောက်အိုင်ယာလန်၊ စကော့တလန်နဲ့ ဝေလက လာသူတွေဟာ ကွာရန်တင်း ၁၄ ရက် နေရမှာပါ။

ယူကေရဲ့ ကျန်ဒေသတွေမှာလဲ ဖြည်လျှော့ရေးအတွက် တာဝန်ရှိသူတွေ အင်္ဂါနေ့နှောင်းပိုင်း ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page