ဗဟိုအမျိုးသမီးဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ပစ်မထားကြပါနဲ့ (Q ဝင်ရတာ ၂၀၀ ရှိပါပြီတဲ့)
ဗဟိုအမျိုးသမီးဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ပစ်မထားကြပါနဲ့ (Q ဝင်ရတာ ၂၀၀ ရှိပါပြီတဲ့)
နာလာတဲ့ ကိုယ်ဝန်သည်ကို မနာပါနဲ့ တားလို့မရပါဘူး၊ မွေးချင်လာတဲ့ မဗိုက်တွေကို မမွေးပါနဲ့ တားလို့မရပါဘူး၊ လူနာ ဇော တင်မက၊ ဗိုက်ထဲက ကလေးအတွက်ပါ ဇောကပ်ကြရတဲ့ သားဖွားမီးယပ်တွေ ကို ကိုဗစ်က ကောင်းကောင်းကြီး နှိပ်စက်နေပါပြီ။
သားဖွားဆရာဝန် ဆရာမများဟာ လူနာကို ဗိုက်ရော အောက်ပိုင်းပါ စမ်းကြရတဲ့အခါ ခပ်လှမ်းလှမ်းကနေ နေကောင်းလားမေးလို့မရပါဘူး။ လက်ပွန်းတတီးကို စမ်းသပ်ကိုင်တွယ်ကြရတာပါ။ ခုတော့ ဗဟိုအမျိုးသမီးဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေမှာ အကာအကွယ်မပြည့်စုံကြဘူးတဲ့လေ။ ဗဟို နော်၊ Central နော်။ တမြို့လုံး တနိုင်ငံလုံးက လွှဲလာသမျှကို ခါးစည်းပြီး လုပ်ပေးနေရတဲ့ ဆေးရုံကြီးမှာ လူနာတွေ အုံခဲနေမှာ ပြေးကြည့်စရာတောင်မလိုပါဘူး။ ဒီလို ဆေးရုံကြီးမှာ PPE တွေ၊ Level 2 protection တွေ အသာထားလို့ Apron တောင် မလောက်ဘူး ဖြစ်နေပါတယ်။
ခုဆို Positive ကလည်း ဆရာဝန်၊ဆရာမ၊အလုပ်သမား ၂၂ ယောက် ထိသွားပါပြီ။ (လူနာတွေထဲက positive ထွက်တာပါ ပါရင် ၃၆ ယောက်။ )ကျန်တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံး လည်း အလုပ်ကို အိမ်မပြန်ရဲကြတော့ပဲ ဆေးရုံအိပ် ဆေးရုံစား လောက်နီးနီး duty ဆင်းနေကြရပါတယ်။ သူတို့အတွက် လုံလောက်တဲ့ အကာအကွယ်တော့ ပေးကြရမယ်ဗျာ။ အားလုံးရဲ့ မျက်ကွယ်ကို သူတို့ရောက်နေသလိုပဲ။ ဝိုင်းဝန်းကူညီကြပါ။
တကယ်လုပ်နေသူတွေ လက်ထဲရောက်အောင် လှူကြကူကြပါ။ ဒပ်ဖရင်ထွက်များအားလုံးကိုလည်း အကူအညီတောင်းပါတယ်နော်။ ဒီနေ့ဆို Q ဝင်ရတာ ၂၀၀ တဲ့၊ ကုန်ပြီပေါ့ဗျာ
Arkar Thantzin