နျူကလီးယားပစ်နိုင်တဲ့ ရေငုပ်သင်္ဘော တစင်းအားကိုးနဲ့ အမေရိကန်ကို စိန်ခေါ်လိုက်တဲ့ တရုတ်
တရုတ်တို့ရဲ့ တစ်စီးတည်းသော နူကလီးယားဒုံးကျည်ပစ်နိုင်တဲ့ ချင်ကလပ် ဒီဇယ်ရေငုပ်သင်္ဘော။
ဘောလုံးကွင်းတကွင်းစာရှည်တဲ့ ဒီရေငုပ်သင်္ဘောဟာ ၂၀၁၀ ကတည်းက တရုတ်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဒေါ်လာ ၄-၅ ဘီလီယံတန်ပါသတဲ့။
တရုတ်က အဲ့ဒီတစ်စီးထဲနဲ့ အမေရိကန်ကိုစိန်ခေါ်တာ၊ (အမေရိကန်မှာတော့ အဲဒီလို အမျိုးအစား ရေငုပ်သင်္ဘော ၃၂ စီး ရှိပြီး အရန် ၂ စီး ရှိပါတယ်) သေချာလေ့လာကြည့်တော့မှ တရုတ်စစ်တပ်က နည်းပညာပိုင်းဆိုင်ရာ အရာရှိတွေက ကွန်မြူနစ်ပါတီ က ငထူတွေ မမြင်ဘူး မတွေ့ဘူးတာတွေပြပြပြီး ချူဆီထည့် ဘတ်ဂျက်ဘုန်းတာ၊
ကြာလာတော့ ကွန်မြူနစ်ပါတီဟာ နားထင်သွေးရောက်ပြီး ပေါက်ကရ ပေါ်လစီတွေချမှတ်၊ ကမ္ဘာပတ်စိန်ခေါ်၊ အမေရိကန်နဲ့ ထိပ်တိုက်လဲတွေ့ရော စစ်ရေးနားလည်တဲ့ တရုတ်တပ်က ဗိုလ်ချုပ်တွေက ကွန်မြူနစ်ပါတီကို ကန့်ကွက်ကုန်ရော၊
အမေရိကန်ကို ဘာနဲ့တိုက်မှာလဲ လို့ တရုတ်တပ်က ကွန်မြူနစ်ပါတီ ကို မေးပြီး အကန်စကားတွေပြောကုန်ပြီ၊ ထိုင်ဝမ်ကို တရုတ်တပ်က မသိမ်းချင်ဘူး၊ သိမ်းပြီး ဘာလုပ်မှာလဲမေးတော့ ကွန်မြူနစ်ပါတီက မဖြေနိုင်ဘူး ၊ အက်ကြောင်းထ ဂယက်ရိုက်နေပြီ၊
တရုတ်ပြိုကွဲဖို့ပဲ ရှိတော့တယ် သိပ်မကြာတော့ဘူး !
Pen Chit Thu