လတ်တလော လူတွေ အရမ်းသိချင်နေကြတဲ့ ကိုဗစ်ဘယ်မှာ စစ်လို့ရမလဲဆိုတဲ့ မေးခွန်းအကြောင်း

COVID ဘယ်မှာစစ်ရပါ့

Call centre ကို ခုတလော အမေး​များပြီး အဖြေရခက်တဲ့ မေးခွန်းက ‘ပိုးရှိမရှိဘယ်မှာစစ်လို့ရမလဲ’..ပိုးရှိမရှိ အရမ်းစစ်ချင်ကြတဲ့ လူ နှစ်အုပ်စုရှိပါတယ်.. ပထမအုပ်စုက အလုပ်​ကိစ္စနဲ့ခရီးသွားချင်တဲ့လူတွေ နဲ့ ဒုတိယအုပ်စုက ရောဂါလက္ခဏာ ရှိတဲ့သူတွေ..

လောလောဆယ် သိရသလောက်ထိ truck driver တွေကလွဲပြီး သာမန် ခရီးသွားမယ့်သူတွေအတွက် ကိုဗစ် ကင်းရှင်းကြောင်း တရားဝင်စစ်​ပေး၊ ထောက်ခံစာရေးပေးတဲ့နေရာ မရှိသေးပါ.. နောက်တစ်အုပ်စုက ရောဂါလက္ခဏာရှိတဲ့သူတွေ.. သူတို့မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်.. တော်​တော်များများက ကြောက်ပေမယ့် ကိုဗစ်လို့ ကိုယ့်ကိုယ်ကို လက်မခံချင်ကြဘူး.. ပိုးရှိမရှိတော့ သိချင်တယ်.. စိတ်ဒုံးဒုံးချချင်တယ်.. ရောဂါလက္ခဏာရှိတဲ့သူတွေနဲ့ အတူနေသူတွေကလည်း စိတ်ရှင်းချင်တယ်

ရောဂါလက္ခဏာ ရှိတဲ့သူဆိုရင်တော့ Swab စစ်ချင်ရင် AYA centre မှာ စာရင်းပေးခိုင်းတာတို့၊ နီးစပ်ရာ Fever clinic or ဆေးရုံ ကိုဆက်သွယ်ခိုင်းတာတို့ အကြံ​​ပေးပါတယ်.. ဒါ​ပေမယ့် အဲဒီမှာလည်း အလှည့်ကျစောင့်ရတာ​တွေရှိတယ်.. တခါတလေ မစစ်ဘဲ ပြန်လွှတ်တယ်တို့ ဖုန်းဆက်ပြီးပြောကြပါတယ်.. မစစ်ပေးဘူးဆိုတာလည်း မြေပြင်မှာ လုပ်နေတဲ့သူတွေက စစ်ဖို့မလိုလို့ မစစ်တာဖြစ်မှာပါ.. ဒါပေမယ့် လူနာတွေစိတ်ထဲမှာ အဲဒါကို လက်မခံနိုင်ဖြစ်တယ်.. စစ်ကြည့်ချင်တယ်.. စစ်လို့ရဖို့လမ်းရှာလာကြတယ်

နောက်တခါ သူတို့က ဘာကိုကြောက်သေးလဲဆိုရင် Fever clinic တို့ ဆေးရုံတို့ကို သွားရင် ကိုယ်က COVID မဟုတ်ဘဲ ဟိုမှာ တန်းစီစောင့်နေရင်းမှ သူများဆီက ကူးသွားမလားစိုးရိမ်တယ်.. အဲဒီတော့ အဲလိုမသွားဘဲ တန်းစီစရာမလိုဘဲ စစ်လို့ရချင်တယ်.. ဒါ့ပြင် Q centre တွေ၊ ဆေးရုံတွေမှာ နေရေးထိုင်ရေးအဆင်မပြေမှာကို ကြားဖူးနားဝနဲ့ စိုးရိမ်တာရော၊ ကိုယ့်အိမ်ှာ ထားခဲ့လို့ နောက်ကြောင်း မအေးတာတွေကြောင့်ရော positive ဖြစ်ရင်တောင် ကိုယ့်ဟာကိုယ် အိမ်မှာ Home Q ပဲ နေချင်ကြသူတွေ အများကြီး ရှိတယ်။

Swab စစ်ပေးနိုင်တဲ့ facility က အကန့်အသတ်ရှိနေပြီး လိုအပ်ချက်က များလာတော့ ခွင့်ပြုချက်မရှိဘဲ စစ်တာမျိုးတွေဖြစ်လာတော့တယ်.. အဲဒီလို အောက်မှာပြထားတဲ့ test kit တွေနဲ့ စစ်ဖူးသူတွေ ရှိလို့မေးကြည့်တော့ Antigen kit or antibody kit ကြိုက်တာ ကို အရင်ဝယ်ရတယ်.. ပြီးရင် ဆရာဝန်၊ ဆရာမ၊ volunteer လို့ ပြောတဲ့ အဖွဲ့က ကားနဲ့လာပြီး swab ယူပေးတယ်.. RDT နဲ့ တစ်ခါတည်းစစ်ပေးတယ်တဲ့.. PPE တွေယူလာပြီး အိမ်ရောက်မှ ဝတ်ပြီး စစ်ပေးပါတယ်တဲ့.. တစ်ချို့​ clinic တွေမှာလည်း antibody ကိုစစ်ပြီး negative result ထုတ်ပေးတာလည်းတွေ့ပါတယ်..

အဲလိုဆိုတော့ နောက်ဆက်တွဲက ဘာတွေဖြစ်လာမှာလဲဆိုတော့ သုံးတဲ့ kit တွေရဲ့ Quality assurance မသိ မရှိတာကြောင့် consumer တွေနစ်နာတယ်.. (ခု ဒီမှာ သုံးနေတယ်ဆိုတဲ့ အောက်မှာ​​ပြထားတဲ့ Lungene antibody test kit ဆို US FDA က banned ထားတဲ့ list မှာပါတယ်.. ) False positive တွေ False negative တွေထွက်လာမယ်..

နောက်တစ်ခုက ကျန်းမာရေးဌာနနဲ့ ချိတ်ဆက် သတင်းပေးဆောင်ရွက်တာမဟုတ်လို့ positive တကယ်​ဖြစ်ခဲ့ရင်တောင် အပေါ်က ပြောခဲ့သလို Q center တွေ မသွားကြရင်၊ Home Q ကို သေချာ စနစ်တကျမလုပ်ခဲ့ရင် ဖြစ်လာမှာက တသီတတန်းပဲ…

လိုအပ်ချက်ရှိနေတာသေချာပြီမို့ Swab စစ်ဖို့ အတွက် ပို အဆင်ပြေအောင် ဆောင်ရွက်ဖို့လိုပြီလို့ ထင်ပါတယ်.. စီစဥ်နေပြီလား မပြောတတ်ပေမယ့် COVID testing လုပ်ဖို့ clinic တွေ lab တွေကို တရားဝင် registration လုပ်စေပြီး သုံး​မယ့် test kit တွေကို Quality သေချာစစ်.. လူနာတွေကို သေချာ record လုပ်၊ စစ်သမျှလူတွေကို registered သေချာလုပ်ထားပြီး အကုန်လုံးကို MOHS ရဲ့ control အောက်ကို ရောက်အောင်လုပ်နိုင်မှ အဆင်ပြေနိုင်မယ်လို့ ကိုယ်စဉ်းစားမိတာလေး ရေးလိုက်ပါတယ်

Khin Hnin Pwint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page