အမိန့်စာတွေ၊ ကျူအာကုတ်တွေနဲ့ တိုင်ပတ်ခဲ့တဲ့ နေ့ရက်များ အမှတ်တရ

အမိန့်စာတွေ၊ ကျူအာကုတ်တွေနဲ့ တိုင်ပတ်ခဲ့တဲ့ နေ့ရက်များ အမှတ်တရ

(၂၀ ရက်နေ့ မနက် ၈နာရီ) – မြိုနယ် ဖြတ်သွားတဲ့ ကိစ္စစစ်ဆေး၊ QR Pass မပါရင် ပြန်လွှတ် ၊ QR Pass ပါရင်ပေးသွား၊ QR Pass က လုပ်ငန်း ဖွင့်ခွင့်လား – မသိ၊ QR Pass က server data ရှိလား၊ စစ်လား – မရှိ၊ မစစ်၊ (ဦးခွေး၊ ဒေါ်ကြောင်လည်းရ။)

(၂၀ ရက်နေ့ ည ၈ နာရီ) – ၂၁ ရက်နေ့ မနက် ၈ နာရီ မှ စပြီး အိမ်မှာနေရန်၊ ခွင့်ပြုလုပ်ငန်းမှလွဲပြီး ကျန်လုပ်ငန်းများ WFH လုပ်ရန်။ ပိတ်ရန်။ CMP များ ၂၄ ရက်နေ့ မနက် ၈ နာရီမှ အကျုံးဝင်မည်။ အောက်တိုဘာ ၇ အထိ။ ခွင့်ပြုလုပ်ငန်း ဘာလည်း – မသိ (Supply chain ကို ကိတ်မုန့်လှီးသလိုလှီးတဲ့ ကိစ္စ မစဉ်းစားထားဘူး။)၊ ခွင့်မပြု လုပ်ငန်း ဘာလည်း – မသိ၊ လကုန် လစာ ရှင်းရေး – စိတ်မဝင်စား၊ နိုင်ငံတကာနဲ့ စာချုပ် (CMP ပါအပါအဝင်) – ဖျက်၊ ရွှေ့

(၂၁ ရက်နေ့ မနက် ၈ နာရီ) – ဝန်ထမ်း အလုပ်သွားရမှာလား မသွားရမှာလား – မသိ၊ လုပ်ငန်းရှင် ဖွင့်ရမှာလား ပိတ်ရမှာလား – မသိ၊ ဘယ်သူသိလည်း – ဘယ်သူမှ မသိ၊ CMP – စာချုပ် တွေနဲ့ ကုန်ချောပေးရမဲ့ ကိစ္စ တန်းလန်း – မသိ၊ စိတ်မဝင်စား။ ခွင့်ပြုရလုပ်ငန်း စာရင်းထွက်လာ (ဆက်စပ်တွေမပါ)

(၂၄ ရက်နေ့ မနက် ၈ နာရီ) – ဒန်တန့်တန့် ပိတ်ပါပြီ။ ခွင့်ပြုလုပ်ငန်း နဲ့ ဆက်စပ်တွေ တိုင်ပတ်။ အဆိုးဆုံး က Custom နဲ့ ဆိပ်ကမ်း က ခွင့်မပြုတဲ့ လုပ်ငန်းအမျိုးအစားတွေက ကုန်အဝင်အထွက်တွေ။ ဘာလုပ်ရမလည်း – မသိ၊ မရှိ

(၂၄ ရက်မှသည် ၃၀ ရက်နေ့ အထိ) – QR Pass၊ အခွန် ကိစ္စ၊ ဘဏ်သွင်းမယ့် ကိစ္စတွေ တိုင်ပတ်။ ပြည်တွင်းအခွန်၊ တိုင်းဒေသကြီး အစိုးရ၊ UMFCCI တို့ ကျေးဇူးနဲ့ အမြန် အမြန် အဖတ်ဆယ်။ ဒီနေရာမှာတော့ ပြည်တွင်းအခွန်ကို အတော်လေးစားမိတယ်။ လှုပ်ရှားမှု မြန်လို့။ လမ်းပေါ်လည်း ဘောကန်နေကြပြီ

(၁ ရက်နေ့) – လစာ – မသိ မရှိ စိတ်မဝင်စား၊ ကျန်တာ – ရှုပ်မြဲ ပွမြဲ၊ ဘာဆက်ဖြစ်မလည်း – မသိ မရှိ၊ နောက်ဆုံး တိုက်ပွဲ ဆိုပြီးလေသံပစ်။ လမ်းထိပ်မှာလည်း အတင်းတုပ်နေကြပြီ

(၅ ရက်နေ့ ည ၈ နာရီ) – CMP ကို အောက်တိုဘာ ၂၁ ရက်နေ့အထိ Extension ဆွဲ၊ ကျန်တာရော? – မသိ မရှိ၊ လခ – စိတ်မဝင်စား (အော်ကြပြီလေ)၊ ဖီဖီလက်သစ် (ကမအဝ ဝက ဖြစ်ရန် ရေပန်း အလွန်စား) က အပြောလွန်ပြီး Containment strategy ကို ပြင်ရနိုင်တယ် အရိပ်အမွက်ပြော။ ချက်ချင်း ပြန်ငြင်းရ၊ စက်ဘီးတွေစီး လမ်းတွေလျှောက် လေ့ကျင့်ခန်းတွေ လုပ်ကုန်ပြီ။

(၆ ရက်နေ့ မှ ၉ ရက်နေ့အထိ) – လစာ ထုတ်ပေးရေး ကိစ္စ အမြန်အမြန်အမြန် လှုပ်ရှားကြ။ တချို့ အလုပ်ရှင်တွေ မထုတ်ပေးရဲကြ။ မြို့ဖြတ်ခွင့်မရှိရင် ဂျေးအောင်းရမှာကိုး။ UMFCCI ကပဲ အဖြေရှာ ပြန်ဖြန့်ပေး ညှိပေး၊ ခေါင်းခံပေး။ လူမှုဖူလုံရေးက ထောက်ပံ့ကြေး နဲ့ လူမှုဖူလုံရေး အတွက် စပြင်ဆင် (ငတ်နေပြတ်နေကြပီလေ လခမရသေးလို့)၊ ကျန်လုပ်ငန်း CMP လိုပဲ ၂၁ အထိ ဆိုပြီးပြော (စာမပါဘူးနော်)၊ ကားတွေလည်း ဟိုတစ်စ ဒီတစ်စ စည်လာပြီ။

(ဟော ၁၀ ရက်နေ့ ည) – ၁၂ ရက်နေ့ကစပြီး စစ်ဆေးပြီး ဖွင့်ခွင့်ပေးမယ်။
​ဆေးရုံက Colleague တွေ အားမငယ်ပါနဲ့။ ငါတို့လည်း ဟိုဟာလင်လုပ်ပြီးပေါင်းနေရတာပါလို့

Nyan Myat Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page