Q စင်တာတွေမှာ ထမင်းဟင်း မကောင်းဘူးဆိုလို့ ပုံနဲ့ သက်သေပြလိုက်တဲ့ Q ဝင်ခဲ့သူ တဦး

Q ဝင်ခဲ့တဲ့ (၁၄) ရက်အတွင်း ကိုယ်နေထိုင် စားသောက်ခဲ့ရတာလေးတွေ ပြောပြချင်တယ် တစ်ချို့တစ်ချို့​သောသူတွေအစိုးရနဲ့ စေတနာ့ဝန်ထမ်းတွေကို အပြစ်ပြော အဆိုးမြင်ဝါဒတွေကို ချေပတယ်ဆိုပိုမှန်မယ်ဗျ…

Q ဝင်ရမယ့်သူတွေတွက်လည်း အထောက်ကူဖြစ်မှာပါ…. ကိုယ်က Facility Q ဝင်တာဆိုတော့ သူတို့ လူတစ်ယောက်ချင်းစီတွက် ဘာအသုံးဆောင်တွေ ပေးထားတယ် ဆိုတာကစပြောမယ်… သွားတိုက်ဆေး /သွားတိုက်တံ/ဆပ်ပြာခဲ(Lux) ဆပ်ပြာမှုန့်/ရေဖလား/သောက်ရေခွက်/ တစ်ရှူး မွှေ့ယာ/ခြင်ထောင်/ခေါင်းအုံး/စောင် အိပ်ယာခင်း/ခေါင်းအုံးစွတ်/သောက်ရေသန့် အမှိုက်ပုံးလေးကလည်း ထားပေးထားသေးဗျာ စေတနာ့ဝန်ထမ်းတွေဆိုတာကလည်း စေတနာအပြည့်ပဲ

မနက်ခင်းတိုင်း ဆေးဖြန်းအမှိုက်အိတ်တွေ အခန်းစေ့လိုက်သိမ်း မနက်စာဝေအချိန်ဆိုတာ ဘာတိကျသလဲမမေးနဲ့ နည်း၂လေးများ ထမင်းပို့ နောက်ကျရင် တောင်းပန်ပါတယ် နောက်ကျသွားလို့ပါဆိုတဲ့ အသံလေးက သိပ်ချစ်ဖို့ကောင်း ထမင်းဘူးလေးပို့ပြီးရင်ကျေးဇူးတင်ပါတယ်က ပြောသွားသေးတာ မပျင်းရလေအောင် ဟာသလေးတွေကလည်း ပြောတက်ကျသေးတယ်

တစ်ခါတစ်ခါဆို သူတို့အမှားပါရင် နားလည်ပေးဖို့ ခဏခဏ ပြောပြီး​ တောင်းပန်ရှာတယ် ဘယ်လောက်ဖြူစင်လိုက်သလဲကွယ် ရေချိုးခန်းနဲ့ အိမ်သာတွေဆိုတာ အများသုံးဆိုပေမယ့် ကိုယ်နေတဲ့နေရာက ကျောင်းဆိုတော့ အိမ်သာကလည်း (၈)ခန်း (၁၀)ခန်းလောက်ရှိမယ် လက်ဆေး​ဘေစင်တွေဆိုတာလဲ(၁၄)ခုလောက်​တေ့ာ ရှိမယ်

ရေချိုးတဲ့နေရာမှာလည်း ရေကန်ကြီးသုံးကန်ရှိတယ် ရေချိုးကန်မှာ မချိုးတတ်တဲ့သူတွက်က ရေချိုးခန်းဆိုတာလဲ(၁၀)ခန်းလောက်ရှိမယ်(အံမယ်ရေပန်းတွေနဲ့ဗျ) အစားသောက်ကတစ်နေ့(၃)နပ်ကျွေးတယ်ဗျာ.. မနက်စာဆိုတာလည်း တစ်နေ့တစ်မျိုးမရိုးရဘူး နေ့လည်စာကျတော့ ဟင်းသုံးမျိုးနဲ့ဗျ ညနေစာကျ ပြန်တော့လည်း ဟင်းသုံးမျိုးနဲ့ ဒီကြားထဲအလှူရှင်လေးတွေ စေတနာကြောင့် သရေစာလေးတွေက အမျိုးမျိုးစားရသေးတယ် အပြောမဟုတ်ဘူး အောက်မှာပုံတွေနဲ့သက်သေပြထားတယ်။

ကိုယ့်အိမ်မှ မဟုတ်တာကွယ် အများနဲ့နေရတဲ့နေရမှာ လူရာနဲ့ချီကို စေတနာ့ဝန်ထမ်း (၉)ယောက်လောက်က အစဆုံးလုပ်ပေးရတာကွယ် ဟာကွက်တို့ လိုအပ်ချက်လေးလောက်တော့ ရှိမှာပေါ့ကွယ် ဒါလေးကို နားလည်ပေးလိုက်ရင် ဘယ်လောက်ပီတိဖြစ်လိုက်မလဲ ကျွေးတဲ့အစားအစာ ပေးသုံးထားတဲ့ အသုံးအဆောင်တွေက အရမ်းကြီးအဆိုးကြီးမှ မဟုတ်တာ လိုအပ်တာတွေ အကုန်စုံတယ် ဘယ်လောက်ဂရုစိုက်တက်တဲ့ အစိုးရလဲ

စေတနာ့ဝန်ထမ်းတွေ ဆိုတာကလည်း ပိုက်ဆံတစ်ပြားမှ မရပဲ သူတို့အသိစိတ်နဲ့ လာကူညီပေးကြတာပါ… တစ်ချို့နေရာပေါ် မူတည်ပြီး နေရထိုင်ရ အဆင်မပြေတဲ့သူတွေလည်း ရှိမှာပဲ အိမ်မှမဟုတ်တာကွယ် သည်းခံပြီးမနေနိုင်ရင် Hotel Qပဲဝင်ကြပါလို့တိုက်တွန်းချင်တယ်။

ပြောချင်တာများပြီး စာရှည်သွားတယ်ကွယ် အမှားပါရင်လည်း နာလည်ပေးကြပါနော်် အခုလောက်ဆိုအစိုးရနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဂရုစိုက်မှုလေးတွေ မြင်လောက်ကောင်းပါရဲ့ အဆုံးထိဖတ်ပေးလို့ ကျမကကျေးဇူးတင်ပါတယ်ရှင့်

Thiri

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page