အဆင်မပြေလို့ တောင်းစားကြတာမှန်ပေမယ့် ပေးချင်စရာ မကောင်းအောင် ပြုမူနေတဲ့ ကလေးတွေ

အဆင်မပြေလို့ တောင်းစားကြတာမှန်ပေမယ့် ကလေးငယ်တွေကို ခုလို ဗရမ်းဗတာလွှတ်ပြီးခိုင်းထားတာ အတော်ဆိုးတယ်ရှင်.. ယာဥ်မတော်တဆဖြစ်မှာ မပူမိကြလေရော့သလားဘဲ..

ပိုဆိုးတာက ပိုက်ဆံတောင်းတာ ပေးချင်အောင် သနားအောင် မတောင်းဘူး.. ကားနဲ့ဆို ကားကို ပုတ်တယ်ထုတယ်.. ဘက်မှန်ကို ခိုစီးတယ်.. ဆိုင်ကယ်နဲ့ဆို သော့တွဲအရုပ်ကအစ ချိတ်ထားတာမှန်သမျှလိုက်ဆွဲတယ်.. ဘယ်လိုတွေ သင်ပေးထားလဲရှင်.. တစ်ခုခုဖြစ်လို့ လုပ်မယ်ဆိုပြန်တော့လဲ ကလေးငယ်လေး အရမ်းကို ဗရမ်းဗတာကြတယ်..

ခုပုံပါကလေးငယ်ကတော့ မန်းလေး ၈၄ လမ်း ၃၅ လမ်းမီးပွိုင့်မှာကြုံခဲ့ရတာဘဲ.. သနားလို့ပေးမယ့်ပိုက်ဆံတောင် သူလုပ်တဲ့အပြုမူကြောင့် မပေးဖြစ်ခဲ့တော့ဘူး.. ဘာလို့ဆို ငါဒီလိုလုပ်လိုက်ရင် ဖျက်ဆီးလိုက်ရင် ပိုက်ဆံ ပေးမှာဘဲဆိုတဲ့ လွဲမှားတဲ့အတွေး ကလေးငယ်ဦးနှောက်ထဲဝင်သွားမှာစိုးလို့ပါ.. တာဝန်ရှိသူတွေလဲ မီးပွိုင့်တွေမှာ တောင်းရမ်းနေတဲ့ကလေးငယ်တွေရဲ့ အုပ်ထိန်းသူတွေကို ထိရောက်တဲ့အရေးယူမှုမျိုး လုပ်သင့်တယ်လို့လဲ မြင်မိတယ်..

နန်းယု

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page