ပြိုကျနေတဲ့ အိမ်ထဲမှာ နေရတဲ့ မြေးအဖိုး (၂) ယောက်တဲ့ (ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုများနေကြသလဲ?)

ပြိုကျနေတဲ့ အိမ်ထဲမှာ နေရတဲ့ မြေးအဖိုး (၂) ယောက်တဲ့ (ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုများနေကြသလဲ?)

ဒီအိမ်လေးမှာ မြေးအဖိုး (၂) ယောက်နေတာ အဖိုးက အသက် (၇၀) ကျော်နေပြီဆိုပေမယ့် ဝမ်းစာအတွက် ကိုယ့်အားကိုယ်ကိုးရင်း ကုန်စိမ်းရောင်းချအသက်မွေးတယ်။

ဒီအိမ်လေးပြိုကျနေတာ အတော်ကြာပါပြီ။

နေ့စဉ်စားသောက်နိုင်ဖို့ အလျင်မှီအောင်ကြိုးစားရုန်းကန်နေရတာနဲ့ပဲ ပြိုကျနေတဲ့အိမ်ထဲမှာ မြေးအဖိုး (၂) ယောက်ဖြစ်သလို နေကြရတယ်။ ချောင်းနဲ့နီးတဲ့ ရပ်ကွက်ဖြစ်လေတော့ မိုးများရေတက်ခဲ့ရင် ညအချိန်မတော်လည်း အိမ်ထဲကထွက်ပီး ရေလွတ်ရာ လမ်းမကြီးဘက်မှာ သွားနေကြရတာပါ​။

အတော်အသင့်နေလို့ရတဲ့ အိမ်လေးတစ်လုံးဖြစ်လာဖို့ဆိုရင် (၁၀) သိန်းကျော်လောက်တော့ကုန်နိုင်မယ်ထင်ပါတယ်။

ဟိုရက်ပိုင်းက ဒီလမ်းထဲကို အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာတွေသွားဝေရင်း ဒီလိုအခြေအနေကိုမြင်တော့ တစ်ခုခုလုပ်ပေးချင်စိတ်နဲ့ အသိမိတ်ဆွေတွေကို ပြောပြမိတယ်။ ​ကုန်ကျစရိတ်အားလုံးကို အဆိုတော် ကိုလင်းလင်းနဲ့ မချစ်သုဝေတို့က လှူပေးမယ်ဆိုလို့လည်း ဝမ်းသာမိပါတယ်။

အလှူရှင်များကျန်းမာချမ်းသာကြပါစေ…

CleanYangon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page