ပြည်တွင်းကူးစက်မှု လူနာတဦီး ‌တွေ့ရှိရပြီးနောက် မြို့တမြို့လုံးကို လော့ဒေါင်းချလိုက်တဲ့ တရုတ်

ပြည်တွင်းကူးစက်မှု လူနာတဦီး ‌တွေ့ရှိရပြီးနောက် မြို့တမြို့လုံးကို လော့ဒေါင်းချလိုက်တဲ့ တရုတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ Kasjgar မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတစ်ဦး တွေ့ရှိခဲ့ပြီးနောက် စာသင်ကျောင်းတွေကို သီတင်းတစ်ပတ် ပိတ်လိုက်ပြီး တစ်မြို့လုံးက လူတွေကို ဗိုင်းရပ်စ် စစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့(အောက်တိုဘာ ၂၅) မှာ ပြေဆိုပါတယ်။

ပုံမှန် စစ်ဆေးမှုတစ်ခုအတွင်း ရောဂါစမ်းသပ်မှုလုပ်ခဲ့ရာမှာ Kashgar မြို့ ကျေးရွာတစ်ရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး စနေနေ့က ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ကြောင်း သို့ပေမယ့် ရောဂါလက္ခဏာ မပြခဲ့ကြောင်း ရှင်ကျန်း ကျန်းမာရေး ကော်မရှင်က ပြောဆိုပါတယ်။

ယခု ပိုးတွေ့လူနာဟာ တရုတ်ပြည်မကြီးမှာ အောက်တိုဘာ ၁၄ ရက်က Qingdao ပြည်နယ်မှာ ပိုးကူးသူတစ်ဦး တွေ့ရှိပြီးနောက်ပိုင်း ပထမဆုံး ပြည်တွင်း ပိုးကူးစက်လူနာ တွေ့ရှိမှုဖြစ်ပါတယ်။ ရှင်ကျန်းပြည်နယ်ဟာ သြဂုတ်လအတွင်းက ဒေသတွင်း အစုလိုက်ကူးစက်မှုဖြစ်ပွားခဲ့ရာနေရာဖြစ်ခဲ့ပေမယ့် သြဂုတ် ၁၅ ရက်နောက်ပိုင်းမှာတော့ ပိုးကူးစက်သူ ထပ်မတွေ့ခဲ့တော့ပါဘူး။

ယခု ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိခဲ့သူအားလုံးကို သီးခြားခွဲထားလိုက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရှင်ကျန်းဒေသ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ လူဦးရေ ၇ သိန်းရှိရာမြို့မှာ စစ်ဆေးစမ်းသပ်မှုတွေ စလုပ်နေပြီဖြစ်ကာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ၃ သိန်းကျော်ကို စမ်းသပ်မှုလုပ်ထားခဲ့ပြီး ကျန်ရှိသူတွေကိုတော့ နောက်နှစ်ရက်အတွင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page