တရုတ်နိုင်ငံ ဝူဟန်မြို့အနီးရှိ ဓာတုစက်ရုံတွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွား၊ ၅ ဦး သေဆုံး

တရုတ်နိုင်ငံ ဝူဟန်မြို့အနီးရှိ ဓာတုစက်ရုံတွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွား၊ ၅ ဦး သေဆုံး

ယနေ့နေ့လည် ၂း၃၀ အချိန်ခန့်က တရုတ်နိုင်ငံ ဝူဟန်မြို့အနီး ဓာတုစက်ရုံပေါက်ကွဲဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ငါးဦးသေဆုံးကာ လူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖြစ်ပွားရာနေရာကတော့ ဝူဟန်မြို့အနောက်ဘက်၊ တီယန်မင်စက်မှုဇုန် ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ရုပ်သံမှတ်တမ်းအရ စက်ရုံပေါက်ကွဲမှုကတစ်ဆင့် အဝါရောင် မီးခိုးတွေပေါ်ထွက်လာတာ တွေ့ရပါတယ်။ စက်ရုံကထွက်ပေါ်ခဲ့တဲ့ မီးခိုးတွေဟာ နိုက်ထရစ်အက်ဆစ်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဟူဘေပြည်နယ်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ အဆိုပါစက်ရုံကို တီယန်မင်ချွန်တီယိုလိုင်းဓာတုကုမ္ပဏီက ပိုင်ဆိုင်ပြီး ဆေးဝါးထုတ်လုပ်တဲ့စက်ရုံလို့သိရပါတယ်။ အဲ့ဒီစက်ရုံဟာ ယခုပေါက်ကွဲမှုမတိုင်ခင် တနင်္လာနေ့က စည်းကမ်းမဲ့ရေဆိုးစွန့်ပစ်လို့ ဒဏ်ရိုက်ခံထားရတဲ့ စက်ရုံဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဒေသခံတွေနဲ့အဆင်မပြေဖြစ်နေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဟူဘေပြည်နယ် ရှန်တိုင်မြို့က ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပြီး လူခြောက်ဦးသေဆုံးခဲ့ပါသေးတယ်။ တရုတ်အာဏာပိုင်တွေကတော့ ပေါ့ဆမှုကြောင့် ပေါက်ကွဲခဲ့တာလို့ပြောပါတယ်။ တရုတ်စက်ရုံတွေဟာ စည်းကမ်းလိုက်နာမှုအားနည်းပြီး ပေါက်ကွဲမှုတွေဖြစ်တတ်တဲ့စက်ရုံတွေဖြစ်ပါတယ်။ မနှစ်က ဟူဘေပြည်နယ် ဂျန်စုဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပြီး လူ ၇၀ ကျော်သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page