ပျော်ပွဲရွှင်ပွဲနဲ့ လဲခဲ့တဲ့ တိုင်းပြည်အနာဂတ် စီးပွားရေး (အုပ်ချုပ်သူတွေကို မေးချင်နေသော မေးခွန်း)

ပျော်ပွဲရွှင်ပွဲနဲ့ လဲခဲ့တဲ့ တိုင်းပြည်အနာဂတ် စီးပွားရေး (အုပ်ချုပ်သူတွေကို မေးချင်နေသော မေးခွန်း)

ကပ်ရောဂါဖြစ်လို့ သတိပေးထားချိန်မှာ သတင်းအချက်အလက် ရတာချင်း အတူတူတောင်မှ ကြောက်တတ်သူ သပ်သပ်ရှိတယ်၊ မကြောက်တတ်သူ သပ်သပ်ရှိတယ်။ အပြင်မထွက်မှ ဖြစ်မယ်လို့ တာဝန်ရှိသူတွေက ထင်လာတဲ့အခါ အဲဒီ မကြောက်တတ်သူကို ကြောက်အောင် အရေးယူပြတာမျိုး၊ ဥပဒေနဲ့ ကိုင်တာမျိုး လုပ်ရတာပေါ့။ တခါ ကြောက်တတ်သူတွေကလည်း ရက်နည်းနည်းကြာလာ၊ လနည်းနည်း ကြာလာတဲ့အခါ သူတို့အထဲက ရာခိုင်နှုန်းတချို့က ထုံသွားပြီး ကြောက်နေလည်း မထူးပါဘူးကွာ ဆိုပြီး မကြောက်တတ်သူ စာရင်းထဲ ဝင်သွားတတ်သေးတယ်။

တရာကို စစ်နိုင်တုန်းက ၅ယောက် တွေ့ရင် ၅% ပိုးတွေ့တာ ဖြစ်ပြီး ၂သောင်းလောက် စစ်ချိန်မှာ တထောင်တွေ့ရင်လည်း ၅% ပါပဲ။ တရက်တရက် နှစ်သောင်း ပတ်ချာလည် စစ်နိုင်လို့ တထောင်ပတ်ချာလည် ပိုးတွေ့နေတာ ဆိုရင် ပိုးတွေ့လူနာ တိုးမလာတာ မဟုတ်ဘူး။ စစ်တဲ့ဦးရေ မတိုးနိုင်လို့သာ တိုးမတွေ့တာလို့ အမှန်အတိုင်း မြင်သင့်တာပေါ့

ဒီလိုအခါမျိုးမှာ ထိသမျှ Q တဲ့ ကွန်တိန်းမန့် စထွာတဂျီကြီး ပြောင်းသင့်ပြီလား၊ ပြောင်းပြီးပြီလား၊ မသိလိုက်မသိဘာသာလေး ပြောင်းပြီး စထွာတဂျီ အသစ်ကူးပြီလား၊ နျူးနော်မန်ကို ပြည်သူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မကြောက်နိုင်အားပဲ ချီတက်နေပြီလား ဆိုတာကို ခေါင်းဆောင်ကို စေ့ငုပြတော်မူကြပါရဲ့လားလို့ သံသယ ပွားချင်မိတယ်။

first wave တုန်းက အားကုန်ညှစ် နိုင်တော်မူခဲ့ပေမယ့် အခု second wave မှာ နိုင်ငံတော်က လေးသောင်းစီပေးတာသည် အုပ်ကြီးတို့ ချမ်းသာဖို့ထက် ပြည်သူတွေ အပြင်မထွက်ဖို့ မရှိမဲ့ ရှိမဲ့ ပေးလိုက်ရတာ၊ အနာဂတ်ရဲ့ နလန်ထမယ့် စီးပွားရေးနဲ့ လဲလှယ်လိုက်ရတာကို သိကြရဲ့လား မေးချင်မိတယ်။

ဘယ်သူတွေကို မေးချင်တာလဲ ဆိုတော့ အပြင်ထွက်သူတွေ မေးမယ်မထင်နဲ့။ ပြည်သူကို အပြင်မထွက်ဖို့ ဥပဒေနဲ့မတားမြစ်သော အုပ်ချုပ်သူတွေ မေးချင်တာ။ ပြည်သူကို ထိန်းကျောင်းရမယ်။ ငွေလေးသောင်းပေးထားတာ အပြင်မထွက်ပဲ တောင့်ခံစေဖို့။ အခု ပျော်ပွဲရွှင်ပွဲမှာ ဖလန်းဖလန်း ထတော်မူနေကြတော့ အနာဂတ် စီးပွားရေးနဲ့ လဲလှယ်လိုက်ရသော ပြည်သူ့အတွက် ကရုဏာ ကို အားနာမိတယ်

ဒါပါပဲ

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page