ရွှေတောင်က ပျောက်ဆုံး ၄ နှစ်သမီးလေးအမှု တရားခံကို ဖမ်းမိပြီ (ကျူးလွန်ရတဲ့ အကြောင်းရင်းကို သိရပြီ)

ရွှေတောင်က ပျောက်ဆုံး ၄ နှစ်သမီးလေးအမှု တရားခံကို ဖမ်းမိပြီ (ကျူးလွန်ရတဲ့ အကြောင်းရင်းကို သိရပြီ)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ၄ နှစ်အရွယ် ရှိ ဉီးကျော်ဉီး၊ ဒေါ်အေးစန်းတို့ရဲ့ သမီးမပြည့်ပြည့်ဇွန် အမည်ရှိ မိန်းခလေးတစ်ဦး ပျောက်ဆုံးခဲ့ရာ ၉ရက်မြောက် အောက်တိုဘာလ၂၆ရက် နေ့လည်ပိုင်းမှာ ကျောက်ဖူးကျင်းကျေးရွာနဲ့ ကန်သုံးဆင့်ကျေးရွာကြား လယ်ကွင်းထဲမှာ သေဆုံးလျက်တွေ့ရှိရ၍ လူပျောက်မှုမှ လူသ-တ်မှုသို့ ပြောင်းလဲဖွင့်လှစ်ထားတဲ့ တရားခံ
ဆိုသူ ကို ယနေ့ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းမှာ သရုပ်ပြဖို့ လယ်ကွက်ထဲကို ခေါ်လာရာမှာ လူစုလူဝေးဖြစ်ပေါ်နေတယ်လို့ ရွှေတောင်မြို့နယ် လေးထပ်ရောင်ခြည်ပရဟိတဉက္ကဋ္ဌ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“တရားခံကို မိထားပြီလို့ သိရတယ်၊ အဲဒီကျောက်ဖူးကျင်း ကျေးရွာထဲကပါပဲ ၊ တရားခံအား ကလေးကို လယ်ကွက်ထဲ ဘယ်လိုပစ်ထားတယ်ဆိုတာ သရုပ်ပြဖို့ ရွှေတောင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေက တရားခံကို လယ်ကွက်ထဲကိုခေါ်လာရာ လူစုလူဝေကြီးဖြစ်ပေါ်နေတဲ့အတွက် မနည်းထိန်းနေရပါတယ်”လို့ ရွှေတောင်မြို့နယ် လေးထပ်ရောင်ခြည် ပရဟိတဥက္ကဋ္ဌ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

မပြည့်ပြည့်ဇွန် ပျောက်နေတာနဲ့ ပတ်သက်လို့ စခန်းမှာ လူပျောက်ဖွင့်ထားရာက အောက်တိုဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှာ ကျောက်ဖူးကျင်းကျေးရွာ မြောက်ဖက်၊ ရွာနှစ်ရွာကြားမှ ာဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရ၍ လူပျောက်မှုမှ လူသတ်မှုဖြင့် ပြောင်းလဲဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာ ဒီနေ့ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်း၌ လူသ-တ်တရားခံ ဖမ်းမိထားပြီဖြစ်ကြောင်း ရွှေတောင်မြို့မ ရဲစခန်းမှသိရသည်။

ယခုဖမ်းမိထားသော တရားခံဆိုသူမှာ ကျောက်ဖူးကျင်းကျေးရွာနေ အသက် ၅၀ နှစ်ခန့်ရှိ ဦးခင်ဝင်းဆိုသူဟု သိရပြီး ကလေးရဲ့ မိဘတွေဆီမှာ ပိုက်ဆံ သိန်း၃၀ခန့်ချေးထားကြောင်း၊ ဒီငွေကြေးကိစ္စနဲ့ ပြီးခဲ့တဲ့လက စကားများကြကြောင်း နှင့် ကလေးက အဲဒီတရားခံဆိုသူရဲ့ အိမ်ပေါ်ကို တူတူပုန်းတမ်းကစားရင်း တက်ပုန်းရာမှ ကလေးကိုထု၍ အိတ်ထဲထည့်ပြီး လူလစ်ချိန်မှာ လယ်ကွက်ထဲ ပစ်ထားတာဖြစ်ကြောင်း ဒေသခံများထံက ကြားသိရပါတယ်။

ဝေဇင်ကြည်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page