ချေးငွေလာကောက်သူကို အကြွေးမဆပ်ဘဲ ပါတဲ့ သိန်း ၁၀၀ ကိုပါ ပြန်လုလိုက်တဲ့ အဖြစ်

ချေးငွေလာကောက်သူကို အကြွေးမဆပ်ဘဲ ပါတဲ့ သိန်း ၁၀၀ ကိုပါ ပြန်လုလိုက်တဲ့ အဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကလားမတောင်ကျေးရွာတွင် အသေးစားငွေချေးလုပ်ငန်းမှ ဝန်ထမ်း ၁ ဦးသည် ချေးငွေလာရောက် ကောက်ခံရာတွင် မဆပ်နိုင်သေးကြောင်းပြောဆိုရာ မရသဖြင့် ကောက်ခံထားသည့် ငွေကျပ်သိန်း ၁၀၀ ကို လုယက် ခံခဲ့ရကြောင်း ငပုတော မြို့မရဲစခန်းမှ သိရပါတယ်။

အဆိုပါ ချေးငွေဝန်ထမ်း ဦးဇော်ထိုက်လွင်သည် နိုဝင်ဘာလ ၁၈ ရက်က ငွေချေးငွေကောက်ခံရေး လုပ်ငန်းအတွက် ကလားမတောင်ကျေးရွာကို သွားရောက်ပြီး ပိုက်ဆံသိမ်းနေစဉ် ရွာခံ ၁ ဦး၏ အမျိုးသမီးက ကိုဗစ်ကာလ ချေးငွေပြန်မဆပ်နိုင်သေးကြောင်း ပြောရာမှာ အဆင်မပြေဖြစ်ပြီး အလုခံရခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ငပုတော့မြို့မရဲစခန်းမှသိရပါတယ်။

“ကလားမတောင် ကျေးရွာကို အသေးစားငွေချေးလုပ်ငန်း ဝန်ထမ်းက ရောက်လာပြီးတော့ ချေးငွေတောင်းယူတာတွေ လုပ်ပါတယ်။ လုယက်မှုကို ကျူးလွန်သူရဲ့ အမျိုးသမီးက ချေးငွေဆပ်ပေးရမှာ ဖြစ်ပါတယ်။ ဆပ်စရာမရှိပါကြောင်း ပြောနေတုန်း အမျိုးသားရောက်လာပြီး အခုလိုဖြစ်တာပါ”ဟု ငပုတော့မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

အဆိုပါ ပြစ်မှုကျူးလွန်သည့် အမျိုးသာသည် ဒါးပြပြီး ထိုးမည်ဟုပြောဆိုကာ ပိုက်ဆံထည့်ထားသည့် ကျောပိုးအိတ်နှင့် ဖုန်းများ လုယူထွက်ပြေးခဲ့သူ အမျိုးသား ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page