မိမိအိမ်မှာ ကြော်ပြီးသား ဆီတွေကို ဘာလုပ်သင့်သလဲ၊ ဘယ်နေရာမှာ ပြန်သုံးသင့်သလဲ

တလောတုန်းက မေးသူရှိတယ်.. ကြော်ပီးသားဆီတွေ ဘာလုပ်သလဲတဲ့။

ကျမ္မာရေး ရှု့ထောင့်က ကြည့်ရင် ဆီကို ၃ ခါပြန်လောက်ကြော်ပီးရင် မသုံးနဲ့တော့တဲ့။ ဆင်းရဲ နွမ်းပါး/ရှားပါးတဲ့ ရှု့ထောင့်က ကြည့်ရင် စားလို့ ရနေတာကို သွန်ပစ်ဖို့ဆိုတာ မဖြစ်နိုင်။

ငွေကြေးတတ်နိုင်သူတို့ကတော့ ၂ ကြိမ်လောက်ကြော်ပီးရင် သွန်ပလိုက်ပါလို့ အကြံပြုချင်ပါတယ်။ သွန်တယ်ဆိုတာ ပုံးတခုထဲ စုဆောင်းထားပီး recycle လုပ်တဲ့နေရာကို သွားပေးတာပေါ့၊ အကြော်သည်ကိုတော့ သွားမပေးမိစေနဲ့နော်..

ပစ်လို့ မရလောက်အောင် ကြပ်တည်းနေကြသူတို့အတွက် ကျမ သုံးလေ့ရှိတဲ့ နည်းတွေ ပြောပြချင်ပါတယ်.. ကျမနေတဲ့ US မှာက ဆီပေါတော့ Deep Fry ကြော်မယ်ဆိုရင် ဆီများများသုံးနိုင်တယ်။

ပုဇွန်ကြော်/ငါးကြော် ကြော်လို့ ကျန်တဲ့ဆီမျိုးဆို ချင်းဆီသပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီသပ် အနှစ် ချက်ပလိုက်တယ်။

ကြက်သားလုံး၊ ဝက်သားလုံးကြော်တာမျိုး ဆီအရောင်က ကြည်သန့်ပီး ကျန်နေတာမျိုးဆို အသုပ်နဲ့စားဖို့ ကြက်သွန်နီကြော်။ ကြက်သွန်ဖြူကြော်မျိုး ဆီချက် ကြော်ပလိုက်တယ်။

သက်သတ်လွတ်စားသူတို့ဆို ဘူးသီးကြော်၊ ဘယာကြော်၊ ပဲကြော် စသဖြင့်တို့က ကျန်တဲ့ ဆီကို ဆီသပ်နှစ်တွေ ဖြစ်ဖြစ် အသုပ် ဆီချက်ဖြစ်ဖြစ် ချက်နိုင်ပါတယ်။

အကြော်ကြော်ပီးစ ဆီပူကို ငရုပ်သီးခွဲခြမ်းပေါ်လောင်းချပီး ငရုပ်သီးကြော်လဲ လုပ်နိုင်တယ်။ အနံ့အတွက် ဝှားကျောက်စေ့၊ ပါကော ကိုယ်ကြိုက်တာ ထည့်ပေါ့။ ကျမကတော့ ဘယ်မှာမဆို သုံးလို့ရအောင် အနံ့တွေ ထည့်လေ့မရှိ။

ဟင်းအနှစ်တန်းချက်ပီး သိမ်းထားချင်သူတို့လဲ ကြက်သွန်ဖြူ/နီ/ချင်းတို့ကို ကိုယ်သုံးနေကျ အချိုးအတိုင်းရောပီး ဟင်းချက်နှစ် လုပ်ထားနိုင်တယ်။ ကျမက ကြက်သွန်ဖြူ/နီ/ချင်းတို့ကို သီးသန့် ဆီသပ်နှစ် ချက်ထားတာပိုကြိုက်တယ်။ ကိုယ်ချက်တဲ့ ဟင်းအမျိုးအစားပေါ်မူတည်ပီး ထည့်မည့် အချိုးက ပြောင်းနိုင်တာကိုး။

ငရုပ်သီးဆီနီတွေလဲ ချက်ထားနိုင်တယ်။ ဘာကိုကြော်ထားတဲ့ဆီက ဘာဆီသပ်နှစ်ချက်ဖို့ လိုက်ဖက်သလဲဆိုတာ ကိုယ့်ဘာသာ ရွေးချယ်ပေါ့။

Derp fry ကြော်ချင်တယ်၊ ဆီများများ မသုံးချင်ဖူးဆိုရင် ဒယ်ပြားအိုးနဲ့ မကြော်ဘဲ ဇောက်နက်အိုးကိုသုံးပါ။ အကြော်ခံဆီ၊ smoking point ၄၀၀ F အထက်ရှိတာကို သုံးပါ။ အဲ့လိုကြော်မယ်ဆို မြေပဲဆီက အကောင်းဆုံးပါ။ အကြော်ဆီ ‌စျေးပေါပေါတွေက ‌တသုပ်ပီးတသုပ်ကြော်နေရင်းကို ဆီအရောင်မဲလာတယ်၊ US က ဆီတောင် အဲလိုဖြစ်တာ။

အသားငါးကြော်ပီးလို့ ဆီအရောင်ညစ်သွားရင် ပြန်သန့်အောင် လုပ်တဲ့နည်းက ကော်ရည်ဖျော်ပီးထည့်ကြော်တာပါ။ ယူကျု့မှာ ရှာကြည့်လို့ရပါတယ်။

Meemeetofu’s collection, လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page