ပါဝါဘဏ် အသုံပြုသူများ ကိုယ်တွေ့ပါ၊ အကြီးအကျယ် ထပေါက်တာ ဘာမှ ပါမသွားလို့တော်သေးတယ်

ကိုယ့်အိမ်မှာ ည ၂:၃၀ ကပဲ Powerbank အကြီးအကျယ် ထပေါက်ပါတယ်။

(ဖြစ်သွားတဲ့ powerbank type ကတော့ Remax brand ကိုမှ 10000mAh လောက်ပဲရှိတဲ့ အသေးလေးပါ။ အဲတာကိုမှ extension ကြိုးကတစ်ဆင့် Konfulon က USB hub နဲ့အားသွင်းထားတာပါ။)

ဘယ်ကစတာလဲဆိုတော့ toilet ထသွားတဲ့ ၁ မိနစ် အတွင်းမှာ ဖြစ်တာ။ အခန်းက ထွက်တုန်းကတောင် ကြည့်လိုက်သေးတယ်၊ ဪ 90% ပေါ့။ ပြန်ဝင်အိပ်ရင်ဖြုတ်မယ်လို့တောင် တွေးလိုက်သေးတယ်။

ဒီနေ့မှ အမေကလဲတစ်ရေးနိုးဆိုတော့ အပြင်မှာ စကားပြောနေရင်း တစ်ဖောက်ဖောက်နဲ့ wire shock ဖြစ်တဲ့ အသံလိုမျိုး အကျယ်ကြီးကြားလို့ ပြေးကြည့်တော့မှ စားပွဲပေါ်မှာ အကြီးအကျယ်ကို မီးလောင်နေတာ။ တစ်ခန်းလုံးလဲ ထိန်ထိန်လင်း။ မီးတောက်ကမရှိဘူးဆို အနည်းဆုံးတစ်တောင်ခွဲလောက် ကျော်တဲ့ အပြင်ကို အရှိန်လည်းပြင်းတယ်။

powerbank ဆိုတော့ ဒီအတိုင်းငြိမ်ငြိမ်လေး လောင်နေတာ မဟုတ်ဘူး။ တောက်လျှောက်ပေါက်၊ မီးတောက်ပိုကြီးလာ၊ မီးစတွေ ဘေးတွေကိုစင်ပြီး အကုန် လိုက်ဆွဲတာပါ။

လောင်နေတဲ့ powerbank ကလည်း စားပွဲပေါ်ကို သူ့ဟာသူပေါက်ရင်း ကြမ်းပေါ်ကျ၊ ကြမ်းခင်းကလည်း wooden tiles ဆိုတော့ အဲဒီမှာဆက်လောင်ပါလေရော။

တစ်ဖုန်းဖုန်းနဲ့လောင်နေတဲ့အခန်းကို မြင်မြင်ချင်း အမေရော ကိုယ်ရော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နည်းနည်းတော့ shock ရသွားတာပေါ့။

ချက်ချင်းပဲ တပ်ထားတဲ့ extension ကြိုးကို plug ဖြုတ်ပြီး အမေကလည်း ဘေးမှာရှိတာတွေနဲ့ မီးငြိမ်းအောင် လုပ်ကြည့်တယ်ပေါ့နော်။ မရပါဘူး။

အဲဒီအချိန် ကိုယ်ကတော့ ဘေးမှာရှိတဲ့ towel အကြီး ၂ ခုကို ရေပြေးစွတ်ပြီး မီးတောက်ပေါ် အုပ်ချလိုက်မှပဲ မီးတောက်က ချက်ခြင်း ငြိမ်းသွားတာ။

အဲဒီ လောင်ပြီးပျော်ကျထားတဲ့ အတုံးလိုက်ကို ခဏဆက်အုပ်ထားပြီး လွှင့်ပစ်ဖို့ ရေပုံးထဲထည့်တော့လည်း ရေထဲမှာ ပွက်ပွက်ဆူနေသေးတာ။ အားလုံးလဲပြီးသွားရော တစ်အိမ်လုံးလဲ မီးခိုးတွေမွှန်ထူနေတာပဲ။

တော်သေးတာပေါ့ ဘေးမှာ ဘာ electronics မှ မရှိပဲ powerbank တစ်မျိုးထဲကို အလုပ်စားပွဲပေါ်တင်ပြီး အားသွင်းထားလို့။ ဖုန်းနဲ့ laptop ပါ ပါသွားလို့ကတော့ ကျမ မျက်ရည်နဲ့မျက်ခွက်ပဲ။

စားပွဲပေါ်က တစ်ခြားပစ္စည်းတွေလည်း မီးမစွဲသွားတာ ကံကောင်းတယ်ပြောရမယ်။ ပြီးတော့လည်း ကိုယ့်ခေါင်းရင်းနားမှာ အိပ်နေရင်း အားသွင်းထားခဲ့မိရင်တော့ တွေးတောင်မတွေးရဲဘူး တစ်ကယ်။ မောတယ်ကွယ်။

အဲဒီတော့ အဓိက အားလုံးကို ပြောချင်တာကတော့ ညဘက်အိပ်ရင် လျှပ်စစ်ပစ္စည်းတွေ ကြိုးဖြုတ်ပြီးမှ အိပ်ကြပါလို့… နော်။ ပြီးတော့ အိပ်တဲ့နားမှာလည်း အားမသွင်းနဲ့။

ဒီတစ်လော မီးအားတွေက လုံးဝမှန်မှ မမှန်တာ… သိကြတဲ့အတိုင်းပဲကို။ အရင်က powerbank ပေါက်တဲ့ ဆိုးဆိုးရွားရွား သတင်းတွေလည်း တွေ့ဖူးကြမှာပဲဟုတ်။

အခု ကိုယ်ကတော့ အခု မီးပေါက်ရာလေးတွေပြည့်နေတဲ့ မွေ့ယာပေါ်ကနေ ဒီစာရေးရင်း သတိလှမ်းပေးလိုက်တယ်ကွယ်.. (မေသော်တာဦး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page