Power Bank ပေါက်ကွဲမှုတွေ ဘာလို့ဖြစ်လာရတာလဲ? ဘယ်အချက်တွေကြောင့် ဖြစ်တာလဲ?
Power Bank ပေါက်ကွဲမှုတွေ ဘာလို့ဖြစ်လာရတာလဲ? ဘယ်အချက်တွေကြောင့်ဖြစ်တာလဲ?
အခုရက်ပိုင်း Online ပေါ်မှာ Power Bank ပေါက်ကွဲမှုတွေ မကြာခဏဆိုသလို မြင်တွေ့နေရပါတယ်။
ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာ သတိထားစရာအချက်လေးတွေ မင်မင်က စိတ်ပူလို့ပြောပြပေးချင်ပါတယ်။
Power Bank အားသွင်းတဲ့အခါ Power Bank ကို နေအပူရှိန် တိုက်ရိုက်ထိတွေ့နေတဲ့ နေရာမှာ မထားပါနဲ့။ အရမ်းကို အန္တရာယ်များပါတယ်။ အခန်းအပူချိန် မြင့်မားနေချိန်မှာလဲ အားသွင်းတာမျိုး မလုပ်မိပါစေနဲ့။
အားသွင်းမယ်ဆိုရင် Power Bank အခြေအနေ၊အနေအထားကို သေချာစစ်ဆေးပြီးမှ အားသွင်းပါ။
ပူနေတာပဲဖြစ်ဖြစ်၊ နွေးနေတာပဲဖြစ်ဖြစ် အဲ့အချိန်မျိုးမှာ အားမသွင်းပါနဲ့အုံး။ ပုံမှန်အနေအထားမျိုး ဖြစ်တဲ့အချိန်မှသာ အားသွင်းဖို့ အကြုံပြုလိုပါတယ်။
မီးအလာမမှန်လို့ power bank ကို “မီးလာတဲ့ချိန် ၀င်ချင်၀င်ပါစေ”ဆိုပြီး တစ်နေ့လုံး တစ်ညလုံး အားသွင်းရင်း ပစ်ထားတာမျိုး လုံး၀မလုပ်ပါနဲ့။
Power Bank အားသွင်းတဲ့နေရာနားမှာ မီးလောင်လွယ်စေတဲ့ ပစ္စည်းတွေ မထားတာ အကောင်းဆုံးပါပဲ။
Wifi နဲ့ Power Bank ကို ချိတ်ဆက်အသုံးပြုချိန်မှာလဲ Power Bank ကို အေးမြတဲ့နေရာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့နိုင်တဲ့နေရာမျိုးမှာ ထားပါ။
ယုံကြည်စိတ်ချရပြီး အာမခံပါ၀င်တဲ့ Power Bank အမျိုးအစားတွေကိုသာ ရွေးချယ်အသုံးပြုပါ။ ဈေးသက်သာတယ်ဆိုတိုင်း မဝယ်ပါနဲ့။
အခုကာလက ရာသီဥတုကလဲ အပူချိန်အရမ်းမြင့်နေတဲ့အချိန်မို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဖြစ်လာတဲ့အခါ မတွေးရဲစရာ ထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ရှိနိုင်တာမို့ အထူးဂရုပြုကြဖို့ တိုက်တွန်းလိုပါတယ်။
(Myanmar Play Store)