နွေရာသီမှာတောင် အေးတဲ့ အငွေ့အသက်တွေရှိနေတဲ့ ပုဂံက လူသိပ်မသိတဲ့ ဂူဘုရားလေး

ပုဂံရောက်ရင် ဒီနေရာလေးက လူတွေ မသိကြလို့ပါ။ မဖြစ်မနေ သွားလည်ကြည့်သင့်ပါတယ်။ ပုဂံ ညောင်ဦးဖက်က လူအရောက်နည်းတဲ့ နေရာဆိုလည်းမမှားပါဖူး။

သဘာဝမြေကြီးကို ထွင်းထားတဲ့ ရှင်အရဟံသတင်းသုံးခဲ့တဲ့ဂူလို့လည်း ဆိုပါတယ်။

အချို့ကလည်း သူ့ဘာသူဖြစ်လာတဲ့ဂူလို့လည်း ပြောကြပါတယ်။

Google map နဲ့ရှာရင် မတွေ့ပါဖူးလို့ ပြောပါတယ်။ ဒီဂူဘုရားလေးဟာ သမီးဝှက်ဥမင်အနီးမှာ ရှိတာပါ။ သမီးဝှက်ဥမင်ကိုတော့ Google map မှာ ရှာရင်ရပါတယ်။ ငှက်ပစ်တောင်နဲ့လည်း နီးပါတယ်။

သမီးဝှက်ဥမင် ငှက်ပစ်တောင်နားကို Goole Map ကနေသွားလို့ရောက်ရင်တော့ ဒေသခံများကို မေးစမ်းသွားလျှင်တော့ ရောက်ဖို့နီးစပ်သွားပါပြီ။ ဂူကို အပြင်ကကြည့်ရင် သေးတယ်ထင်ရပေမယ့် ဝင်ကြည့်ရင် တကယ်အံ့ဩဖို့လည်း ကောင်းပါတယ်။

ဂူအတွင်းပိုင်းဟာ ပူပြင်းတဲ့ နွေရာသီမှာတောင် အေးတဲ့ အငွေ့အသက်တွေ ရှိနေပါတယ်။ ပုဂံမှာ လည်ပတ်ရတာပူလို့ အေးအေးဆေးဆေးနားချင်ရင် အဲ့ဒီဂူဘုရားလေးထဲမှာ သွားနားလို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page