ပုဂ္ဂလိက ဆေးရုံများတွင် ကိုဗစ်ကုသပေးရန် အကြိုသဘောတူညီမှု ရရှိဟုဆို

ပုဂ္ဂလိက ဆေးရုံများတွင် ကိုဗစ်ကုသပေးရန် အကြိုသဘောတူညီမှု ရရှိဟုဆို

ကိုဗစ် ရောဂါအားပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသပေးရန် မူအားဖြင့်သဘောတူထားကြောင်းပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး အား စက်တင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ်ပိုင်းတွင်Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍသည်အရေးကြီးသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်လူနာများအား လက်ခံကုသမှုပေးရန်ကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီပါကြောင်း၊ အသေးစိတ်ညှိနှိုင်းမှုများကို အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားကြစေလိုပါကြောင်း”၎င်းကပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် မနက် ၈နာရီအ ထိ ကိုဗစ်လူနာ ၅၂၆၃ ဦး၊ သေဆုံးသူ ၈၁ ဦး ရှိပြီ ဖြစ်ပါတယ်။

တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် ကိုဗဏ်ကပ်ရောဂါ လက်ရှိဖြစ်ပွားမှုအများဆုံးမှ ာရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိပြီ ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page