နိုင်ငံတော် သမ္မတအိမ်တော်ရှိ အရာရှိကြီး တဦး ကူးစက်ခံရ (ရုံးခန်းအချို့ ပိတ်ထားမည်)
နိုင်ငံတော် သမ္မတအိမ်တော်ရှိ အရာရှိကြီး တဦး ကူးစက်ခံရ (ရုံးခန်းအချို့ ပိတ်ထားမည်)
နိုင်ငံတော်သမ္မတအိမ်တော်၌ တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီး တဦး ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။
“သမ္မတရုံးထဲက အရာရှိတစ်ယောက်ပါတယ်လို့တော့ ပြောလို့ရပါတယ်”ဟု ၎င်းက ပြောပါတယ်။
၎င်းနှင့် ဆက်စပ်သူများကို လိုက်လံစုံစမ်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
ထို့အပြင် သမ္မတအိမ်တော်ကို လော့ဒေါင်း ချသွားမည်မဟုတ်ဘဲ အတည်ပြုလူနာနှင့် ဆက်စပ်သည့် ရုံးခန်းနေရာအချို့ကိုသာ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
သို့သော် လက်ရှိအချိန်အထိ သမ္မတရုံးက ပိုးတွေ့လူနာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
ယနေ့နံနက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် နေပြည်တော်ရှိဗမ္ဗူသီရိမြို့နယ်၌ နေထိုင်သူတစ်ဦးတွင် ပိုးတွေ့ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။