PPE ဝတ်ထားရင် ထမင်းဝယ်ချင်လို့ ဆိုင်ရှေ့တောင် ရပ်မရတဲ့ ပရဟိတညီအကိုတွေရဲ့ ဘဝ

PPE ဝတ်ထားရင် ထမင်းဝယ်ချင်လို့ ဆိုင်ရှေ့တောင် ရပ်မရတဲ့ ပရဟိတညီအကိုတွေရဲ့ ဘဝ (ညီအကိုတွေနဲ့ လမ်းမှာတွေ့ရင် နိုင်သလောက် လှူဒါန်းလိုက်ကြပါဦီး)

အကြောက်လွန်ကြတာလား၊ မစာနာကြတာလားမသိပေမယ့် PPE ဝတ်ထားရင် ထမင်းဟင်းဝယ်ဖို့တောင် ဆိုင်ရှေ့ရပ်မရတဲ့ ကျနော်တို့ ဘဝတွေ

ရင်ဘတ်ခြင်းတူလို့ စာနာနားလည်ကြသူများကြောင့် ထမင်းတထုပ် ဟင်းတထုပ် လှူပေးကြတဲ့သူတွေ ရှိလို့စားခွင့်ရတဲ့ နေ့လည်စာ…(သင်္ကန်းကျွန်းမြို့နယ်)မှ ကွမ်းယာ ဆေးလိပ် ရေသန့်လှူ လို့ အမောပြေသောက်ခွင့်ရသလို (ညီလေး ရန်နိုင်ရှင်း၊သင်္ကန်းကျွန်းမြို့နယ်)မှ လှူဒါန်းပေးခဲ့သည်။

ခြံရှေ့ကားရပ်ပြီး ထမင်းစားခွင့်ပေးသလို့ ကျွဲစိမ်း ခွန်အားဖြည့်အချိုရည် ၁ ကဒ် လှူဒါန်းပေးတဲ့အိမ်ရှင်တွေ (သင်္ကန်းကျွန်းမြို့နယ်)မှ အလှူရှင် ကိုရန်နိုင်ရှင်းနှင့် နာမည်သိခွင့် မရခဲ့သူတွေ အားလုံးကို ကျေးဇူးတင်စွာ မှတ်တမ်းပြု ထားပါသည်။

ခင်ဗျားတို့ လှူတဲ့ အဟာရဒါန၊ ကာလဒါနကြောင့်ခွန်အားဖြစ်ရသလို ကျနော်တို့ချစ်တဲ့ မြို့တော်ရန်ကုန် ကျန်းမာရေးကို စွမ်းအားရှိသမျှ ကာကွယ်ရင်းတိုက်ပွဲဝင်သွားပါ့မယ်။ ကျနော်တို့အားလုံး ဒီတိုက်ပွဲနိုင်မှ အိမ်ပြန်ကြမှာပါ fighting!

ကိုဗစ်အထူးအဖွဲ့
မြင့်မြတ်စေတနာပရဟိတအသင်း မှော်ဘီမြို့

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page