‌ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) တွင် နေထိုင်သူတဦးတွင် ပိုးတွေ့၊ ခြံကို လော့ဒေါင်း ချထားရမည်

‌ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) တွင် နေထိုင်သူတဦးတွင် ပိုးတွေ့၊ ခြံကို လော့ဒေါင်း ချထားရမည်

ယနေ့နံနက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဗဟန်းမြို့နယ်၌ ပိုးတွေ့လူနာ နှစ်ဦးတွေ့ရှိကြောင်း ထုတ်ပြန်ရာ ပိုးတွေ့လူနာတစ်ဦးမှာ ခြံအမှတ်(၅၄)တွင် နေသူဖြစ်ကြောင်း ယင်းမြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဗဟန်းမြို့နယ်တွင် တွေ့ရှိသော ပိုးတွေ့လူနာနှစ်ဦးစလုံးမှာ ခြံအမှတ်(၅၄)တွင် နေထိုင်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း 7Day Newsက အတည်မပြုနိုင်သေးဘဲ တစ်ဦးသာ အတည်ပြုနိုင်ပါတယ်။

အဆိုပါ ပိုးတွေ့လူနာသစ်နှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး လူနာများ၏ အသေးစိပ်အချက်အလက်များရယူခြင်းနှင့် သက်ဆိုင်ရာဆေးရုံသို့ ပေးပို့ခြင်းတို့ကို တိုင်းကျန်းမာရေးက တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်သည်ဟု ဗဟန်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီသော်က “(ခြံအမှတ် ၅၄)အဲဒီကဆိုတာ ဟုတ်ပါတယ်။ အသက်အပိုင်းအခြားတွေကတော့ ၅၀ ဝန်းကျင်အမျိုးသားပါ။ လူနာတွေရဲ့နောက်ကြောင်းလိုက်တာ လူနာသွားခေါ်တာ ဒါတွေအားလုံးကို တိုင်းကျန်းမာက စီစဉ်ပေးနေပါ တယ်”ဟု ဒေါက်တာနီနီသော်က ပြောပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့လည်း ကြားပါတယ် ခင်ဗျ။ ဦးဌေး(ခြံအမှတ် ၅၄ တွင်အမြဲတမ်းတာဝန်ချထားသူ)မှာတွေ့လို့ အခုဖောင်ကြီးကို ပို့လိုက်ပါပြီ။ ဒါပေမယ့် အတိအကျ တင်ပြချက်တော့ ကျွန်တော်တို့ဆီ မရောက်သေးဘူး”ဟု ပြောပါတယ်။

ရောဂါပိုးစစ်ဆေးတွေ့ရှိသည်ဆိုသော ဦးဌေးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး ခြံအမှတ်(၅၄)၌ အမြဲတမ်းတာဝန် ချထားခံရသူဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ဇာတိဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ “သူကကော့မှူးကဆိုတော့ ကောမှူးကိုလည်း ခဏခဏပြန်တတ်တယ်လို့ သိထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ ဦးဌေးတစ်ယောက်ပဲသိပါတယ်။ ကျန်တဲ့တစ်ယောက်ကို မသိသေးပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

NLD ပါတီ၏ပြန်ကြာရေးတာဝန်ခံတစ်ဦးဖြစ်သူ မုံရွာအောင်ရှင်ကတော့ ခြံအမှတ်(၅၄)တွင် အမြဲတမ်းတာဝန်ချထားသူ ငါးဦးထက်မနည်းရှိပြီး ၎င်းတို့အားလုံးမှာ အသက် ၄၀ နှင့် ၅၀ ဝန်းကျင်ကြားရှိ ကြောင်း ပြောပါတယ်။

ဗဟန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က ခြံအမှတ်(၅၄)လိပ်စာပေးထားသည်ဆိုသူ နှစ်ဦးအနက် တစ်ဦးမှာ မရမ်းကုန်းမြို့နယ်ဘက်မှဟု အကြမ်းဖျင်းသိထားရပြီး မည်သူ၊မည်ဝါအတိအကျ မသိရသေးဟု ဆိုပါတယ်။

“ကျွန်တော်တို့ သိရသလောက် ခြံထဲမှာက အမြဲတမ်းတာဝန်ကျတဲ့သူရှိတယ်။ အလုပ်ရှိမှ ခဏတဖြုတ်ဝင် ထွက်သွားလာတဲ့သူရှိတယ်။ အဲဒီမှာတစ်ယောက်က မရမ်းကုန်းကလို့တော့ အကြမ်းဖျင်းသိထားရတယ်။ အသေအခြာတော့ မပြောနိုင်သေးဘူး”ဟု ထင်မြင်ချက်ပေးပါတယ်။

ပိုးတွေ့လူနာတွေ့ရှိသည်ဆိုသော ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)မှာ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့၌ရှိစဉ် နေထိုင်သည့် အိမ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page