အမျိုးသားဓာတ်ခွဲခန်းမှာ စုပုံနေတဲ့ နမူနာတွေကို အမြန်ဆုံး စစ်နိုင်မယ့် နည်းလမ်း (တကယ်အသုံးဝင်တဲ့ နည်းလမ်းပါ)
အမျိုးသားဓာတ်ခွဲခန်းမှာ စုပုံနေတဲ့ နမူနာတွေကို အမြန်ဆုံး စစ်နိုင်မယ့် နည်းလမ်း (တကယ်အသုံးဝင်တဲ့ နည်းလမ်းပါ)
တရုတ်ပြည် ဝူဟန်က ၁၀ ရက်အတွင်း လူ ၁၁ သန်းကို ကိုဗစ် ရှိမရှိ စစ်နိုင်ခဲ့တယ်။ ရောဂါလက္ခဏာမရှိသူတွေကို ၁၀ ယောက်တစ်စုစု။ အဲ့အစုထဲက တစ်ဦးချင်းဆီက နမူနာယူထားတဲ့ sample တွေ အားလုံးကို တစ်စုတည်းပေါင်းပြီး ၁၀ ဦးစာကို Test ၁ ခုစာပဲ ကုန်ခံပြီး စစ်တယ်။ Negative ဆိုရင် ဆယ်ယောက်တစ်ဖွဲ့လုံး ပိုးမရှိဘူးလို့ အဖြေကို ယူတယ်။ အဲ့ဒီဆယ်ယောက် တစ်ဖွဲ့အုပ်စုမှာ Positive တစ်ယောက်ထွက်မှ ဘယ်သူဆိုတာရယ်၊ ဘယ်နှဦးဆိုတာရယ်ကို သိရအောင် တစ်ယောက်ချင်းဆီ ပြန်စစ်တယ်။
ဥပမာ၊ ရေ ၁၀ ခွက်ရှိတယ်။ အဲ့၁၀ခွက်ထဲ ဆားပါမပါ သိချင်တယ်။ တစ်ခွက်ချင်းဆီက နမူနာရေနည်းနည်းယူ။ ယူပြီးတစ်စုတည်းပေါင်းပြီး ၁၀ခွက်စာကိုတစ်ကြိမ် စစ်ဆေးကြည့်တယ်။ စစ်လို့ ဆားဓာတ်ကိုမတွေ့ရင် အဲ့ ၁၀ ခွက်လုံးက ရေမှာဆားမပါဘူး။ ရောလိုက်တော့ အကုန်သမသွားတယ်ပေါ့။ ဆားမပါရင် ဘယ်ခွက် မမှာပါဘူးဆိုတာ သိနိုင်တယ်။
ရေထဲ ဆားပါတယ်ဆိုပါစို့။ နမူနာရေ တွေရောလိုက်ရင် ဆားက နမူနာအားလုံးဆီ ပြန့်သွားတယ်။ စမ်းသပ်လိုက်တော့ ဆားဓာတ်ကိုတွေ့မယ်။ ၁၀ ခွက်ထဲမှာ တစ်ခွက်ကတော့ အနည်းဆုံးဆားပါတယ်ဆိုတာ သေချာပြီ။ ဘယ်ခွက်မှာပါလဲ (သို့) ဘယ်နှခွက်ပါလဲဆိုတာ သိဖို့တစ်ခွက်ချင်းဆီ လိုက်စစ်ရင်သိပြီ။ အဲ့သဘောပါ။ စစ်စရာများရင် ဒီနည်းကိုသုံးတာ အသက်သာဆုံးပဲ။
လူ ၁၀၀ ဆို ၁၀ယောက်အုပ်စုဖွဲ့။ ၁၀အုပ်စုရမယ်။ ၁၀ ယောက်စာ နမူနာပေါင်းစစ်မယ်ဆို စစ်ဆေးမှု စုစုပေါင်း ၁၀ ခု ပဲရှိမယ်။ ပိုးမတွေ့ဘူးဆိုရင် လူတစ်ရာစလုံးအတွက် စစ်ဆေးမှု တစ်ရာမလိုဘဲ ဆယ်ခုနဲ့ ပိုးရှိမရှိသိသွားမယ်။
စစ်တဲ့၁၀ခုမှာ ပိုးတွေ့တာ ၃ခု ဆိုပါစို့။ ၁၀ဦး အုပ်စု ၃ခု ထဲမှာ တစ်အုပ်စုဆီမှာ အနည်းဆုံး ၁ဦး(သို့) ၁ဦးအထက်(သို့) ၁၀ ဦးလုံးပိုး ရှိတာသေချာတယ်။ စုစုပေါင်းလူ ၃ ဦး နဲ့ ၃၀ ဦး ကြား ပိုးရှိတယ်ဆိုတာ သေချာပြီ။ ပိုးတွေ့အုပ်စု ၃ခု ထဲပါ လူ ၃၀ ကို တစ်ယောက်ချင်းရဲ့နမူနာကို စစ်ဆေးမယ်။ ဒါဆိုဘယ်သူပိုးရှိတယ်ဆိုတာ ကိုသိရမယ်။
အဲ့လို မစမ်းဘဲ သမားရိုးကျ စမ်းရင် လူ၁၀၀ အတွက် စမ်းသပ်မှု ၁၀၀ လုပ်ပါမှ ၃ ဦးနဲ့ ၃၀ ဦးကြားတွေ့မှာ။ အဲ့တော့စစ်ဆေးမှု ၇၀နဲ့ ၉၇ ခု ပိုလုပ်လိုက်ရသလို ဖြစ်နေတယ်။
ခုနည်းဆိုရင် လူ ၁၀၀ မှာ စစ်ဆေးမှု ၁၀၀ မလိုဘဲ ၁၀ ခုလုပ်တာနဲ့ ပိုးမရှိတာကို သိနိုင်မယ်။ ပိုးရှိခဲ့မယ်ဆိုလည်း စစ်ဆေးမှု ၁၀၀ မလိုဘဲ အကြိမ် ၄၀ လုပ်ရုံနဲ့ ပိုးတွေ့သူ ၃ ဦးနဲ့ ၃၀ ဦးကြားကို သိနိုင်တယ်။ ပိုးတွေ့အုပ်စုမှာ ပါသူတွေကိုပဲ ထပ်စစ်တာနဲ့ ဘယ်သူရှိလည်း ဆိုတာသိမယ်။
စကားချပ် – ဗိုင်းရပ်စ်ပမာဏနည်းတဲ့ နမူနာတွေပါရင်တော့ ရောလိုက်ရင် ကျဲသွားသလိုဖြစ်ပြီး လွတ်သွားနိုင်ပါတယ်။ သို့သော် မြန်မာမှာအခုဖြစ်နေတဲ့ အမျိုးအစားက ဗိုင်းရပ်စ်ပမာဏကများတော့ pool လုပ်လို့ရလိမ့်မယ်။ အရင် positive ဖြစ်တဲ့နမူနာတစ်ခုကို negative နမူနာကိုးခုနဲ့ pool လုပ်ပြီးစမ်းကြည့်စေလိုပါတယ်။” (Credit to Dr. Kyaw Moe, retired Associate Professor of Universiti Malaysia Sarawak and Director at Department of Medical Research (Lower Myanmar)
အဲ့တော့ ဒီနည်းဟာ စစ်ရမယ့်ပမာဏများစွာကို အချိန်တိုအတွင်းမှာ ပြီးအောင် စစ်နိုင်တယ်။ စစ်ဆေးမှု နည်းနည်းလေးနဲ့ အဖြေများမျာ းထွက်စေတယ်။ အချိန်၊ ငွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများကြီးသက်သာမယ်။ Sample Pooling လို့ခေါ်တယ်။ ဘောင်ဝင်တန်းဝင် နည်းပညာပါ။
မြန်မာပြည်သူတွေကို အချိန်မီ အခုလိုစစ်ပေးပါရန် တင်ပြပါတယ်။ ကျေးဇူးတင်လျက်။
Ne Win Shu Maung