ရပ်ကွက်ထဲမှာ ဖြန်းနေတဲ့ ပိုးသတ်ဆေးတွေရဲ့ ရေရှည်ထိခိုက်မှု အန္တရာယ်

ရပ်ကွက်ထဲမှာ ဖြန်းနေတဲ့ ပိုးသတ်ဆေးတွေရဲ့ ရေရှည်ထိခိုက်မှု အန္တရာယ်

ကိုဗစ် ​သေတယ်ဆိုပြီး ကလိုရင်း (Bleaching powder) လိုက်ဖြန်း​နေကြတဲ့ ကိစ္စ အယူမှားတာ​တွေနဲ့ ပတ်သက်ပြီး ​ပြောရပါမယ်။

ကလိုရင်း​ဆေးရည်ဟာ သိနားလည် ကွပ်ကဲမှုမပါဘဲ အရပ်ထဲ အလွယ်လိုက်ဖြန်းဖို့ မသင့်​တော်တဲ့ စား​လောင်​စေတတ်​သော၊ အဆိပ်ဖြစ်​စေနိုင်​သော ဓါတုပစ္စည်းပါ။ ​သောက်တဲ့​ရေထဲ ကလိုရင်းခတ်တယ်ဆို​ပေမယ့် ခပ်တဲ့ပမာဏ ကွာပါတယ်။ ကလိုရင်း​ဆေးဟာ ပြင်းအားမှန်မှန်နဲ့ ထိ​တွေ့ချိန်လုံ​လောက်ရင် ​ဆေးရည်ထိတဲ့​နေရာက ပိုး​သေ​စေတယ်။ ​ဆေး​ခြောက် အာနိသင်ပြယ်သွားပြီးရင်​တော့ ထပ်လာကပ်တာမတားနိုင်ဘူး။

ပိုးက ​ဆေးဖြန်းမှ​ သေတာမဟုတ်။ ရပ်ကွက်​တွေ၊ ခြံ​တွေ လမ်း​တွေ​ပေါ်မှာ လူတစ်​ယောက်​ယောက်ဆီက ကျန်ခဲ့ရင်​တောင် ​​​နေ​ရောင်နဲ့ သူ့အလိုလို​ သေပါတယ်။ ဒီလို​နေရာ​တွေ ​ဆေးလိုက်ဖြန်းတာ အကျိုးမရှိပါ။ သတ္တုထည်၊ ကား​ဘော်ဒီ၊ လူအ​ရေပြား​၊ အဝတ်အထည်​တွေ ​လောင်စားတဲ့ အာနိသင်ရှိပါတယ်။

ရောဂါပိုးရှိတဲ့လူနာ ​နေသွားတဲ့အခန်း၊ နေရာလိုမျိုးကိုပဲ ​ဆေးဖြန်းရပါတယ်။ ရပ်ကွက်ထဲကို ဖြန်းရင်ကျ ဖြန်းတိုင်းရ​နေမယ့် ​ဘေးထွက် အဆိပ်အ​တောက် ဆိုးကျိုး​တွေရမှာနဲ့ ​နေ့စဥ်​တောင် ဖြန်းနိုင်ကြတာမှမဟုတ်တာ။ အလကား​နေ ရပ်ကွက်ထဲ ​ဆေးဖြန်းတာ မလုပ်ရပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ် ပိုးသတ်ခြင်း၊ ကူးစက်မှု ထိန်းချုပ်​ရေးနည်းလမ်း​တွေအရ ​ပြောတာဖြစ်ပါတယ်။ ခါ​​​တော်မီ နိုင်ငံ​ရေး၊ စီးပွား​ရေး ​ပေါ်ပင်လုပ်စားတာ​တွေကို မယုံကြပါနဲ့။

WHO Guideline အရ ​ဆေးရုံ​တွေမှာ ပိုးသတ်ဖို့ သုံးခိုင်းတာက sodium hypochlorite 0.1% (1000 ppm) နဲ့ Ethanol 70-90% ​တွေပါ။ ဒါ​တောင် ​ဆေးရည်နဲ့ထိ​တွေ့ချိန် ၁ မိနစ်လိုပါတယ်။ Handgel လည်း alcohol % ပြည့်ရင် အာနိသင်ရှိပါတယ်။

Shein Lin Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page