ပိုးတွေ့ လူနာကို အိမ်မှာထားလို့ ရပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
ပိုးတွေ့ လူနာကို အိမ်မှာထားလို့ ရပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
မနေ့က တင်ပီးသားပါပဲ။ ပြသနာက MOHS ရဲ့ စည်းကမ်းတွေအရ P လူနာကို အိမ်မှာ ထားရှိကုသခွင့် မရှိပါဘူး။
သူ့ဘာသာ ဘယ်လောက် VIP ဖြစ်ဖြစ် အားလုံးဟာ တပြေးညီ ဖြစ်ရပါမယ်။ လူနာကလဲ အသက် ၉၉ နှစ်ပါ။ ဒီလိုနဲ့ သူကျ အိမ်က ကုခွင့်ရတယ်။ ကျနော်တို့ကျ ဆေးရုံမှာပဲ တက်ရတယ်။ ဆိုတာတွေ ဖြစ်လာပါတော့မယ်။
အခုတော့ အဲလို အသံတွေ စကြားလာရပါပီ။ ဘယ်သူက အိမ်မှာ ကုသဖို့ ဘယ်လိုအကြောင်းကြောင့် ခွင့်ပြုခဲ့တယ်ဆိုတာကို ဖြေရှင်းဖို့ လိုလာပါပီ။ နာမည်တွေလဲ ပါပါတယ်။ ဒါဟာ အစရှိ နောက်နောင်ဆိုသလို ဆရာဝန်အသိုင်းအဝိုင်းကြားမှာပါ မေးခွန်းတွေ ရှိလာနေပါပြီ။
ဒီလိုသာဆို P ကို အိမ်မှာပဲ ထားကုတော့မှာလား။ ဆေးရုံမတင်လဲ ရနေပီလား။ တရားဝင် စာမထွက်ပဲ လုပ်ချင်တာ လုပ်လို့ရသလား။ ကူးစက်ဥပဒေအရ အရေးမယူဘူးလား။ အစရှိသဖြင့် ပြည်သူတွေက MOHS ကို မေးခွန်းထုတ်ပါလိမ့်မယ်။ ဖြေရှင်းရမှာက ဌာနရဲ့ တာဝန်ဖြစ်သွားပါပီ။
တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ ဒါမှ ပြည်သူက ချစ်ခင်လေးစားတဲ့ ဌာနအဖြစ် ဆက်ရှိနေပါလိမ့်မယ်။
ကျနော်တို့ ချစ်ခင်လေးစားရတဲ့ ဆရာကြီးတွေ ခွင့်ပြုတာဖြစ်ပါစေ။ ကျနော့်အမြင်ကတော့ No one is above the law ပဲ ဖြစ်သင့်ပါတယ်။ သမ္မတတောင် Q ဝင်ရချိန်မှာ ဒီလိုကိစ္စမျိုးအတွက်တော့ ပြောစရာရှိတာတော့ ပြောရမှာပဲ ဖြစ်ပါတယ်။
Nay Thway