နေပြည်တော်ပိုးတွေ့လူနာ ထက်ဝက်ခန့်သည် အစိုးရဝန်ထမ်းများဖြစ်နေ

နေပြည်တော်ပိုးတွေ့လူနာ ထက်ဝက်ခန့်သည် အစိုးရဝန်ထမ်းများဖြစ်နေ

နေပြည်တော်မှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးပြီးမှ ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ ခဲ့သူရဲ့ မိသားစုဝင်တွေနဲ့ ဆက်စပ်သူတွေကို စစ်ဆေးရာမှာ (၂)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ (၇)ရက် ညနေပိုင်းက ဆိုင်ကယ်မတော်တဆနဲ့ သေဆုံးပြီး ရောက်ရှိလာတဲ့ အလောင်းကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့ရတာပါ။

သေဆုံးသူဟာ ရေသန့်စက်ရုံတစ်ခုက ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ရောဂါပိုးတွေ့ရှိတာကြောင့် ဆက်စပ်သူတွေ၊ ဆေးရုံလိုက်ပို့သူတွေနဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ် ထားရှိပြီး ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ ဖြစ်ပါတယ်။ စစ်ဆေးချက်အရ အတူနေ မိသားစုဝင် (၂)ဦးထံမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်သူအားလုံးက ရောဂါပိုး မတွေ့ရှိရဘူးလို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“သူရဲ့ မိသားစုဝင်ပေါ့ အတူနေမိသားစုဝင်က တွေ့တယ်။ ဒါပေမယ့် သူအလုပ်လုပ်တဲ့ ရေသန့် စက်ရုံကကော သူ့ကို လိုက်ပို့ပေးတဲ့ ပရဟိတတို့ ကြက်ခြေနီတို့ကကော သူတို့တွေ အားလုံးက Negative ပါ” လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
သေဆုံးပြီး ပိုးတွေ့ရှိသူ အလုပ်လုပ်တဲ့ သောက်ရေသန့်စက်ရုံကို ခေတ္တရပ်ဆိုင်း ထားတယ် လို့ ပြောပါတယ်။ နေပြည်တော်က ပိုးတွေ့လူနာတွေထဲမှာ အစိုးရ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစု က တစ်ဝတ်နီးပါး ပါဝင်နေတယ်လို့ လည်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“အခုနောက်ပိုင်းတော့ ဝန်ထမ်းက သိပ်မတွေ့တော့ဘူး။ဒီ (၂၂၅)ယောက်ထဲမှာ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုက တစ်ဝက်လောက်ပေါ့ (၅၀)ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျန်တာကတော့ အရပ်သားတွေ များပါတယ်” လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

လက်ရှိ နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၂၅)ဦး ရှိပြီး (၄)ဦး သေဆုံးခဲ့ကာ အသွားအလာကန့်သတ်စောင့် ကြည့်ထားသူ (၁၀၁၃)ယောက် ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page