ကိုဗစ်စစ်လိုက်လို့ ပိုးမတွေ့ဘူးဆိုတာနဲ့ ပျော်လို့ ရပြီလား?
ကိုဗစ်စစ်လိုက်လို့ ပိုးမတွေ့ဘူးဆိုတာနဲ့ ပျော်လို့ ရပြီလား?
အချို့လူတွေက ကိုယ်တိုင်ဖြစ်စေ မိသားစုဝင်တွေဖြစ်စေ swab test စစ်ပြီး negative ဆိုရင် ပျော်ကြတယ်။ Negative ဖြစ်တာနဲ့ပျော်လို့ရမလားဆိုတဲ့ မေးခွန်းကို မေးချင်တယ်။
ဘာလို့လဲဆိုတော့ Negative ဆိုတာ နောက်ထပ်မကူးဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ ဒီတော့ အချိန်တန်လို့ ပိုးနဲ့ ထိတွေ့ရင် ကူးအုံးမှာပဲ။
အဓိပ္ပါယ်ကတော့ ဆက်ပြီးကြောက်နေရအုံးမယ် ဆိုက်ကို ဖြစ်နေရအုံးမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ မယုံရင် Positive ထွက်သွားတဲ့သူတွေကိုမေးကြည့်
စိတ်ထဲမှာ ဘာကိုမှန်းမသိကြောက်နေရတဲ့ အလုံးကြီးတစ်ခု ကျသွားလား မကျသွားလားဆိုတာ။ Positive ထွက်ဖူးပြီးပျောက်သွားတဲ့သူတွေလဲ များလာပြီဆိုတော့ အဲ့ဒီလို ပေါ့သွားလား မသွားလား ဖြေကြပါအုံး
မစစ်ပေမယ့် အနံ့ပျောက်ပြီး ပြန်ကောင်းလာတဲ့သူတွေလဲဖြေလို့ရပါတယ်
ပြဿနာဆိုတာ အများစုက တွေးနေရင်ပိုကြောက်ဖို့ကောင်းတယ်။ ပြေးတွေ့ပြီး သေခါမှသေရောဆိုရင် စိတ်ထဲမှာ အများကြီး သက်သာသွားတတ်တယ်။ စာမေးပွဲဖြေရမယ့်လူလိုပဲ မဖြေရမချင်း ဘယ်လောက်ရနေနေ တစ်ခုခုဖိထားသလိုဖြစ်နေတဲ့စိတ်ခံစားချက်။
ဒေါက်တာကျော်ကျော်စိုင်း