အခမဲ့ ကူညီပေးတာကို ပိုးလာဖြန့်သလို ခွဲခြားဆက်ဆံခံရတဲ့အပေါ် ဒဲ့ပြောလိုက်တဲ့ ရန်ကုန်ပရဟိတသမားတဦး

အခမဲ့ ကူညီပေးတာကို ပိုးလာဖြန့်သလို ခွဲခြားဆက်ဆံခံရတဲ့အပေါ် ဒဲ့ပြောလိုက်တဲ့ ရန်ကုန်ပရဟိတသမားတဦး

ကျနော် ပြောချင်နေတာ ပါးစပ် ယားနေပါတယ်။ (ရန်ကုန်က လာတယ်ဆိုရင် လမ်းခရီးမှာ စားစရာဆိုင်မရှိ သေးပေါက်စရာ နေရာမရှိ၊ အိပ်စရာ နေရာမရှိ ….ရင်နာတယ်ဗျာ။)

မပြောချင်ပေမဲ့ ပြောရအုံးမယ်ဗျာ ကျွန်တော်တို့ လက်ရှိကြုံတွေနေရတာပေါ့ ဒီအချိန်မှာ လူတိုင်း ကြောက်နေကြတာ နားလည်ပါတယ်ဗျာ ကျွန်တော်တို့လဲ အသက်အပိုမပါပါဘူး…

ဖြစ်နေတာက ဒီဘက်က အကူအညီတောင်းလို့ ကျွန်တော်တို့ဘက်က ကူညီနိုင်ရင် တက်နိုင်သမျှ အစွမ်းကုန်ကူညီပေးတယ် သူ့မြို့၊ သူ့ရွာကို ဘေးအန္တရာယ်အနည်းဆုံးနဲ့ အခမဲ့ရောက်အောင် ပို့ပေးတယ်ဗျာ။ သူ့မြို့၊ သူ့ရွာရောက်တော့ အုပ်ချုပ်ရေးမှူးက ပြသနာရှာတာနဲ့ ကျန်းမာရေးမှူးက ပြသနာရှာတာနဲ့ အမျိုးမျိုးကြုံနေရတယ်။

ဟိုတစ်ပတ်က သာယာဝတီသွားတော့ တစ်ခါ ပြသနာတက်တယ် တနေ့က တောင်ကြီးလူနာသွားပို့တော့လဲ လူကြားထဲ အပြောအဆိုခံရတယ် မနေ့က လွိုင်ကော်လူနာသွားပို့တာ အဆိုးဆုံးပဲ။

ဒီရက်ထဲ ပြန်လိုက်ပို့တဲ့ နေပြည်တော် အောင်ပန်း၊ တောင်ကြီး နဲ့ လွိုင်ကော်လူနာတွေဆို တိုင်းကျန်းမာရေးက အကူအညီတောင်းလို့ Q ပြန်ထွက်ပြီး Swab စစ်ဆေးပြီး Negative ထွက်လို့ နယ်ပြန်ပို့ဖို့ ကူညီပေးရတဲ့ လူနာတွေ၊ ပြည်တော်ပြန်တွေပါ… သူတို့ဒေသ သူတို့အိမ်ပြန်ရောက်မှ ကျန်းမာရေးဌာနရဲ့ အစီအစဥ်နဲ့ Q စင်တာဖြစ်ဖြစ် HQ ဖြစ်ဖြစ်ဆက်နေရမယ့် အခြေအနေပါ

ပြောချင်တာက ကျွန်တော်တို့သည် တိုင်းကျန်းမာရေးရဲ့အကူအညီ တောင်းခံမှုနဲ့ သူတို့ရဲ့ swab အဖြေတွေ၊ သွားလာခွင့် ထောက်ခံစာတွေ၊ ဂိတ်ဖြတ်သန်းခွင့်တွေနဲ့ အခမဲ့ လိုက်ပါပို့ဆောင်ပြီး အကူအညီပေးရတာပါ ကိုယ့်ရန်ကုန်ကတော့ ဘာအစစ်အဆေးမှမရှိပဲ အကုန်အစအဆုံး အိမ်ရောက်တဲ့အထိ အကူအညီ လိုက်လုပ်ပေးနေရတဲ့ အခြေအနေမှာ သူတို့ဒေသ ပြည်နယ်အစိုးရတွေက ကိုယ်တွေကို ပြသနာရှာတာတော့ရင်နာတယ်။

မသိရင်ပဲ ကျွန်တော်တို့က သူတို့ဒေသကို ပိုးရှိတဲ့လူနာလာပို့ပြီး ပိုးလာဖြန့်တဲ့ရန်သူကြီးတွေလို ဆက်ဆံခံရ ပြောဆိုခံရ ပြသနာရှာခံရတာ တစ်ရက်ပြီးတစ်ရက်ကြုံနေရတော့ စိတ်ပျက်လာတယ်ဗျာ… ရန်ကုန်ကိုတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြပြီး ရန်ကုန်ကနေ အစိုးရကထောက်ခံချက်နဲ့ သူ့နေရပ်ကိုပြန်ပို့ပေးရတဲ့လူတွေကိုကျ သူ့ပြည်နယ်က တရားခံစစ် စစ်သလိုစစ်ပြီး ပြသနာရှာခံရလောက်အောင် ကျွန်တော်တို့သည် ကြေးစားမဟုတ်ပါဘူး။

တိုင်းကျန်းရဲ့အကူအညီတောင်းတာကို ကူညီပေးကြတဲ့ အခမဲ့ပရဟိတလုပ်နေကြတဲ့ အဖွဲ့အစည်းတွေပါ… လူနာမှာ ပိုးတွေ့ရင်တောင် ကိုယ်တွေက Q ဝင်ပြီး နေရင်းထိုင်ရင်းကြားက ဒုက္ခရောက်ကြရတာပါဗျာ… ရန်ကုန်ကတောင့်ခံနေရတယ် ရှိတဲ့အင်အားနဲ့ အစိုးရရယ် ကျန်းမာရေးအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့အစည်းတွေ ပြည်သူတွေအားလုံးပေါင်းပြီး ဆောင်ရွက်နေကြရတာ တခြားပြည်နယ်တွေကလဲပူးပေါင်းပေးကြပါအုံးဗျာ

အဲ့လိုပြသနာတွေရှာခံနေရရင် နောက်ဆို ကျွန်တော်တို့လဲ ဘယ်လူနာမှမပို့ပဲ ရန်ကုန်ကလူနာတွေပဲ ကူညီရမလိုဖြစ်နေပြီ ရန်ကုန်ကိုအားနာကြပါအုံးဗျာ ရန်ကုန်ကလူတွေလဲ အသက်အပိုမပါကြပါဘူးဗျာ ရန်ကုန်တိုင်းအစိုးရကလူတွေ ကျန်းမာရေးဌာနကဝန်ထမ်းတွေ Q စင်တာက စေတနာ့ဝန်ထမ်းတွေ ပရဟိတအသင်းကလူတွေအားလုံးမှာလဲ မိသားစုတွေရှိကြပါတယ်ဗျာ…

စေတနာတွေကို ဘလက်ကာယ မလုပ်ကြပါနဲ့ဗျာ။

Htein_Lin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page