ပိုးကူးလူနာရဲ့ အမှန်မပြောမှုကြောင့် Q ဝင်သွားရတဲ့ ဆရာဝန်တဦး ရေးတဲ့စာ

ပိုးကူးလူနာရဲ့ အမှန်မပြောမှုကြောင့် Q ဝင်သွားရတဲ့ ဆရာဝန်တဦး ရေးတဲ့စာ

ဖြစ်စဉ်ကိုပြောပြမယ် ဘလိုဖြစ်လည်းဆိုတော့ လူနာရယ် လူနာစောင့်အဖွားကြီးရယ်ပေါ့ဗျာ မောပြီးရောက်လာကြတယ် (မောပြီးရောက်လာတာ လူနာနော်) ထုံးစံအတိုင်းလူနာက ကားပေါ်မှာမောနေတော့ လူနာအကြောင်းသိတဲ့ လူနာစောင့်အဖွားကြီးက OPD ကို၀င်လာပြီး လူနာအကြောင်းပြောပြတယ်ပေါ့ဗျာ

လူနာက လွန်ခဲ့တဲ့ ၃ ရက်ကစပြီးမောလာတယ်တဲ့ အခုအခြေအနေမကောင်းလို့ ဆေးရုံလာပြတာတဲ့ နည်းနည်းတော့ စိတ်ထဲထင့်ခနဲဖြစ်သွားတယ် အာ့ကြောင့် သက်ဆိုင်ရာ ward အကြီးကို အကြောင်းကြားခဲ့တယ် လူနာကအရေးပေါ်ဆိုတော့ ရေဓာတ် နဲ့ အောက်ဆီဂျင် ချက်ချင်းပေးပေါ့ အရေးပေါ်ဖြစ်နေတာကိုး

ကိုယ်ကတော့ down ရုံပါပဲဆရာမလေးတွေပဲ အောက်ဆီဂျင် တိုင်းလုပ်စရာရှိတာလုပ်ပေါ့ လူနာစောင့်ကို ခရီးသွားရာဇဝင် သေချာမေးဖြစ်အောင် မေးသေးတယ် မရှိဘူးဆိုတော့ လူနာစောင့်ကို ယုံလိုက်တယ်လေ

ဇာတ်လမ်းက အဲမှာစတာပဲ အဲဒီလူနာစောင့်အဖွားကြီးကို လူနာနဲ့တူတူနေလို့ပြောပြီး အဖွားကြီးထွက်သွားတော့မှ သူတို့အိမ်နီးချင်းဆိုလားအမျိုးဆိုလားပဲ လူနာစောင့်ကလိမ်နေတာ သူတို့ရန်ကုန်ကနေ သောကြာ နေ့ကပြန်ရောက်တာမကြာသေးဘူးတဲ့

ဘာပြောကောင်းမလဲ ဝါဒ့် ထဲ ဓာတ်မှန် ရိုက်ပြီး တင်ခါနီးအားလုံး အကုန်ဖျက် ဂျူတီတာဝန်ရှိသူ ကိုဖုန်းပြန်ဆက် လူနာ‌ရော လူနာ‌စောင့် အဖွားကြီးပါ ဖျားနာခန်း ထဲထည့် အဲမထည့်ခင် အဖွားကြီး၀င်လာသေးတယ် သူတို့ပြင်ပဆေးခန်းမှာပြခဲ့သေးတယ်ဆိုပြီး mask ချွတ်ပြီး ဘေးနားမှာလာပြော သွားသေးတယ်ဗျာ

အဲတော့မှအဖိုးကြီးက ဆီးချိုနဲ့ သွေးတိုးတက်တာ နဲ့မှန်းဖတ်ကြည့်မှသိတာ အဲမှာပဲရှင်းရှင်းပြောရင် အဖိုးကြီးရှောသွားပါလေရော။ ကဲ ခုတော့ အဖိုးကြီးကော အဖွားကြီးကော positive ထွက်တော့ ကုခဲ့တဲ့ ကျနော်ဆရာ၀န်ကော လူနာနဲ့ ထိတွေ့တဲ့ သူနာပြုဆရာမ တွေရော ဓာတ်မှန် ဌာနကိုသယ်ပေးတဲ့ လုပ်သား လေးတွေရော အဲမှာအကုန် Q ဇတ်လမ်းဖြစ်တာပဲ ကိုယ့်ရဲ့လူနာအပေါ် သနားတတ်တဲ့စိတ်က အလိမ်နဲ့တိုးတဲ့အခါ ခဲမှန်ဖူးတဲ့ စာသူငယ်လို နောက်ပိုင်းလူနာတွေ သိပ်မယုံချင်တော့ဘူးဗျ

Min Ye Mahn Wint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page