ရန်ကုန်မှာ ထပ်တိုးလာမယ့် ကိုဗစ်လူနာတွေအတွက် နေရာကျန်သေးဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်မှာ ထပ်တိုးလာမယ့် ကိုဗစ်လူနာတွေအတွက် နေရာကျန်သေးဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ Covid 19 ရောဂါ ဖြစ်ပွားနေတဲ့ လူနာတွေကို ထပ်မံလက်ခံထားရှိနိုင်ဖို့ လုံလောက်တဲ့ အခြေ အနေရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အခု စက်တင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားလိုက်တာပါ။
“ဖောင်ကြီးမှာ လက်ရှိအခြေအနေ ၈၄၃ ဦးတက်ရောက်နေပြီး လူနာ ၁၂၂၀ ဦး လက်ခံနိုင်တဲ့ ကုသရေးစင်တာ ဖြစ်တော့ ထပ်မံလက်ခံနိုင်ပါတယ်။ ရိုးမရိပ်သာ လဲ ထိုနည်းလည်းကောင်းပါပဲ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မထိတ်လန့်ဖို အတွက် ပြောကြားလိုပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပိုးတွေ့ လူနာ (၁၀၀၀) နီးပါး ကို ဆေးရုံးကြီး (၇) ခုမှာ ကုသလျက်ရှိပါတယ်။