တရုတ် တိုက်လေယာဥ် တစင်း ပျက်ကျ၊ မိမိတို့ ပစ်ချခြင်း မဟုတ်ဟု ထိုင်ဝမ်ငြင်းဆို

တရုတ် တိုက်လေယာဥ် တစင်း ပျက်ကျ၊ မိမိတို့ ပစ်ချခြင်း မဟုတ်ဟု ထိုင်ဝမ်ငြင်းဆို

တရုတ် တိုက်လေယာဉ် Su-35 အနေနဲ့ ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော်ခဲ့ပြီးနောက် ပျက်ကျသွားခဲ့တယ်လို့ သတင်းဌာနတွေက ရေးသားခဲ့ပါတယ်။

သုံးသပ်သူ တချို့ကတော့ ထိုင်ဝမ်မှာ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ် ရှိတယ်လို့ မှတ်ချက် ပေးနေကြပါတယ်။

၎င်း တိုက်လေယာဉ်သည် ထိုင်ဝမ်ဖက်မှ ပစ်တာမဟုတ်ကြောင်း ၊ တရုတ်တောင်ပိုင်း ကွမ်ရှီ ပြည်နယ် တွင် စက်ချို့ယွင်း ပြီးပျက်ကျသွားကြောင်း ထိုင်ဝမ် မီဒီယာ သတင်းမှာရေးသားထားပါတယ်။

ထိုင်ဝမ် လေကြောင်း လုံခြုံရေး နဲ့ ရေလက်ကြားရှိ ပင်လယ်နှင့် လေကြောင်း အခြေအနေများကို အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပြီး သတင်းအချက်အလက်များကို အချိန်မီ ဖော်ပြသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page