ကိုဗစ်ရှေ့တန်း ပဲခူးစစ်မြေပြင်က ဂုဏ်ပြုထိုက်တဲ့ ပန်းရောင် သူရဲကောင်းမလေး

သူလိုလူ

သူ့နာမည်က အိမိုးထွေး အထက်ဇိုင်းဂနိုင်းကြီးကျေးရွာက သူ့မိခင်က ဒေါ်ခင်ရီ အသက်က၆၆နှစ် သူ့မိခင်က ပဲခူးဆေးရုံ(ကလိ) ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ကူးစက်လို့ တက်ရောက်ကုသရင်း ဆုံးသွားတယ်။

သူ့အမေဆုံးတဲ့ နေ့မှာဘဲ သူ့မှာ ကိုဗစ်ပိုးတွေ့လို့ ပဲခူးဆေးရုံကြီး(ကလိ) Isolation ထဲရောက်လာပြန်တယ်။ ခု သူ့မိခင်လည်း ဆုံးပါးသွားပြီ သူလည်း ကုသရေးစင်တာထဲ ရောက်နေပြီ သူဘာလုပ်နေမလဲ ငိုနေမှာလား သူမငိုပါဘူး။

PPE ဝတ်ပြီး လူနာတွေ ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကူညီပေးတယ်။ သူ့လို ရောဂါကုသခံဖို့ ရောက်နေတဲ့ အသက်အရွယ်ကြီးသူ လူနာတွေကို တတ်စွမ်းသလောက် ကူညီပေးတယ်။ ပြုစု စောင့်ရှောက်ပေးတယ်။ သွေးပေါင်ချိန် တိုင်းချင်တယ်ဆို တိုင်းပေးတယ်။ အောက်ဆီဂျင် တိုင်းချင်တယ်ဆို တိုင်းပေးတယ်။ သူက သူများကို ကူညီချင်စိတ် အပြည့်ရှိနေသူလေ။

သူက အင်္ကျီပန်းရောင်လေး ဝတ်တာများလို့ လူနာတွေကြားမှာ ပန်းရောင်ဆရာမလေးရယ်လို့ မြတ်မြတ်နိုးနိုး နာမည်ပေးထားကြတယ်လေ။ တော်လိုက်တာ သူ့ပင်ကိုယ်စိတ်ရင်းလေးကိုက သူများကို ကူညီချင်နေတာ။

သူ့မှာသာ သူနာပြုသင်တန်း တက်နိုင်လောက်တဲ့ ပညာအရည်အချင်းရှိမယ်ဆို သူနာပြုလေး ဖြစ်စေချင်လိုက်တာ။ ကလိမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သူ့ကို ချစ်စနိုးနဲ့ Hero လေးတဲ့ သူ့ကို ဂုဏ်ပြုပေးပါတဲ့။ ဒီနေ့ကွယ်လွန်သူ ဒေါ်ကျင်ဟန် (ပင်လုံဆေးပေါ့လိပ်) ငါးနှစ်ပြည့်နှစ်ပတ်လည် လှုဒါန်းငွေ ငါးသိန်းထဲက သူ့ရဲ့စေတနာကို သူ့လုပ်ဆောင်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်သိန်းတန် လက်စွပ်လေးတကွင်းနဲ့ ဂုဏ်ပြုပေးခဲ့တယ်။

တန်ဖိုးမများပေးမယ့် သူ့စိတ်ဓာတ်ကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ တတ်နိုင်သလောက် ဂုဏ်ပြုပေးတာပါ။ ကိုဗစ်တိုက်ပွဲဝင်နေသူ ဆရာဆရာမများနဲ့ လူနာများ ကျန်းမာချမ်းသာ ဘေးရန်ကင်းပါစေ။ သူ့အကြောင်း သတင်းပေးတဲ့ sunny သကျနွယ်ကိုလည်း ကျေးဇူးတင်ပါတယ်။

Ko Ko Naing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page