မနက်ဖြန်ကစပြီး အောင်နိုင်ရေးလှည့်သူများ လူ (၅၀) ထက်ပိုပါက ဖြိုခွဲခံရမည်
မနက်ဖြန်ကစပြီး အောင်နိုင်ရေးလှည့်သူများ လူ (၅၀) ထက်ပိုပါက ဖြိုခွဲခံရမည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့များသို့ ညွှန်ကြားချက်
ယနေ့ည ၈ နာရီတွင် ပါတီများ လှည့်လည် မဲဆွယ်စည်းရုံးခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထဲရေးမှ ကြေညာချက် ထုတ်ပါမည်။
ပါတီများ အင်အားပြခင်း၊ လှည့်ပတ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းကိစ္စများ ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း လိုက်နာကြရန် ဖြစ်ပါသည်-
(၁) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်းချက်များနှင့် ကိုက်ညီရပါမည်။
(၂) သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် ပါဝင်ရပါမည်။
(၃) အင်အား (၅၀) ဦးထက် လုံးဝ(လုံးဝ) မပိုရပါ။
(၄) သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်မှု၊ ခွင့်ပြုချက် ရှိသော်လည်း အင်အား (၅၀) ဦးထက် ပိုမိုနေမှုရှိပါက လက်ခံ၍ မရပါ။
သတ်မှတ်စည်းကမ်းချက်များနှင့် မညီပါက မနက်ဖြန် (၂၉-၁၀-၂၀၂၀) မှစ၍ ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံး ၁၂၇/၁၂၈ တို့နှင့် အညီ လူစုခွဲ အရေးယူ ဆောင်ရွက်ပါမည်။
မလိုလားအပ်သည်များ မဖြစ်စေရး ယနေ့ညတွင် ခရိုင်/မြို့နယ်/ရပ်ကွက်များသို့ အမြန် ချပြညွှန်ကြားပေးရေး တင်ပြဆောင်ရွက်ပါ။
Aung Moe Nyo (မကွေးတိုင်းဝန်ကြီးချုပ်)