ဖျားနာဆေးခန်းတွေကနေ အနံ့ပျောက်လူနာတွေကို ပြန်လွှတ်ရတဲ့ အကြောင်းရင်း ဆရာဝန်ကိုယ်တိုင် ရှင်းပြီ
ဖျားနာဆေးခန်းတွေကနေ အနံ့ပျောက်လူနာတွေကို ပြန်လွှတ်ရတဲ့ အကြောင်းရင်း ဆရာဝန်ကိုယ်တိုင် ရှင်းပြီ
လေးစား အပ်ပါသော….. အမတ်မင်းများ ခမျာ….
Fever Clinic မှာ အနံ့ပျောက်လူနာတွေ ပြန်လွှတ်နေရတယ် ဆိုတာ တစကယ်ပါ…. အမတ်မင်းတို့ မသိကြသေးလို့ပါ…. ဒီတိုင်း လူနာကို သေချာရှင်းပြ ပြီး… ပြန်လွှတ်နေတဲ့…..ဖျားနာကုဆေးခန်း တွေ ရှိပါတယ်…. အနံ့ပျောက်ရင် အိမ်ပြန်……..အိမ်မှာနေ… Mask တပ်ထား… နောက်ရက် လူနာတင်ကားနဲ့ လာခေါ်… Swab ယူပေး… အဲ့လို လုပ်နေရတာ ကြာပါပြီ ခမျာ…..
ဘယ်တုန်းကတည်းကလဲ ဆိုရင်….. ဆေးရုံမှာ….လူနာတွေ ပြည့်ကုန်ကတည်းက ပါ… Q centre တွေ…. နဲ့ ဆေးရုံ အသစ်တွေ မဖွင့်ခင် စပ်ကြားမှာပါ… အင်းစိန်မှာ Swab ယူ ဖို့…..ရက်ချိန်းတွေ ဘယ်ရက်အထိ ပြည့်ကုန်ပြီဆိုတဲ့ နေ့ရက်တွေကို သတိရမယ် ထင်ပါတယ်…. အဲ့အချိန်က စပါတယ်….
အဲ့ နည်းဗျူဟာကို အပေါ်က မကြိုက်ပါဘူး…. ဒါပေမယ့် Q centre တွေ ဆေးရုံ တွေ မှာ… နေရာ မဆန့်တဲ့အတွက်…မြေ ပြင် က အဆင်ပြေသလို လုပ်နေကြတာကို… မသိချင်ယောင်ဆောင်ပေးထားကြပါတယ်…. .အဲ့နောက်ပိုင်း Q centre တွေ Guideline တွေ….ပြင်ပါတယ်. ဆေးရုံ တွေ ချဲ့ပါတယ်… နည်းနည်း ပြေလည်သွားပါတယ်…. ဒါပေမယ့် အနံ့ပျောက်လူနာတွေ တစ်အားများလာပြီး.. NHL ရဲ့ စစ်နှုန်းကို ကျော်လွန်လာတဲ့အခါ.. နောက်တစ်ခါ ဒီအတိုင်းပြန်လည်ပါတယ်..
အဲ့အထိ အမတ်မင်းများ…သိပ်မသိကြသေးပါ… အုပ်ချုပ်ရေးမှာ အပေါ်ပိုင်းလောက်ကသာ… သိပါတယ်…. အခု ပြောတဲ့ အောက်က Case လောက်သာ… အမတ်မင်းတို့ Level နဲ့ သိကြမှာပါ…. အမတ်မင်းများ သိအောင်… ပြသနာ အနည်းငယ် ရှိတဲ့ ကိစ္စလေးတွေ… ပြောပြပါမယ်…
စစခြင်း ဖြစ်တာ….မြောက်ဥက္ကလာပါ…. မြောက်ဥက္ကလာ Fever Clinicက အနံ့ပျောက်လူနာ ပြန်လွှတ်တာကို…. အုပ်ချုပ်ရေးပိုင်းက သိသွားပါတယ်… သိတော့ Complaint တက်ပါတယ်… အဲ့ ချိန်က ရိုးမ ဆေးရုံ စRun ဖို့ လုပ်နေချိန်ထင်ပါတယ်…… ဖြစ်စဥ်မှာ …အဆင့်ဆင့် ခေါင်းမခံ ပဲ… မရှင်းပြပဲ… ပြန်လွှတ်တဲ့ ဆရာဝန် ခေါင်းခံ လိုက်ရပါတယ်..
ရလဒ်က မြောက်ဥက္ကလာ Fever clinic ပိတ်ပါတယ်.. အဲ့တာရဲ့ အကျိုးဆက်က… မြောက်ဥက္ကလာ ဆေးရုံ ကို ဖျားနာကု လူနာတွေ.. အများကြီး တိုက်ရိုက် ဝင်ပါတယ်… အရှေ့က ကာထားတဲ့ Fever Clinic တံတိုင်းမရှိလို့ပါ… အဲ့လို ပြန်လွှတ် နေရပါတယ် ဆိုတာကို…. အလယ် Level က သိတာ… ဆေးခန်း နှစ်ခုမြောက်….မှပါ…. အဲ့တော့မှ မျက်ကလဲဆန်ပြာ ဖြစ်ကုန်ကြတာပါ…. အဲ့အရင် ပြောခဲ့…ကြပါတယ်… သိပ်မ လှုပ်ခဲ့ ကြပါ… အလုပ်ရှုပ်နေတာလဲ ပါပါလိမ့်မယ်….. ခုကြတော့မှ အသံထွက်တဲ့ ဆရာဝန်တွေကို… လိုက် ဖိပြောနေကြတာ… သဘာဝ မကျပါ….
ငါတို့ ကို ပြောရင် ငါတို့ လုပ်ပေးမှာပေါ့… ဆိုတာမျိုး ပြောခဲ့ရင်…. အဲ့အသံတွေ စထွက်လာတုန်းက… ဘာလို့ နားထဲ မဝင်သလဲဆိုတာ.. အသံလာရာ…လမ်းကြောင်းကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်…ထင်ပါတယ်…. အားလုံး ပူးပေါင်း လုပ်မှ…. အဆင်ပြေမယ့်အချိန်ပါ…. Fever Clinic က ဆရာဝန်တွေကို… ပြစ်တင်ပြောဆိုတာ…. မဖြစ်သင့်ပါ… လက်ရှိမှာ….အရှေ့အရမ်းရောက်နေတဲ့…. ကာကင်းတွေပါ…. သူတို့ဆီက အသံတွေ ကြောင့်သာ… အပေါ်က သိပြီး.. Guide Line တွေ…ပြင်လာတာပါ…
အားလုံးကောင်းပါသည် ဘုရား လုပ်နေရင်… ရေစက်ချမှ သာဓုခေါ်ပါ…
Htet Phyo Aung