အများပြည်သူ အပန်းဖြေရာ ဟိုက်ပါ ရေတံခွန်နားမှာ ဘုရား မတည်သင့်ပါ

ဟိုက်ပါ ရေတံခွန်နားမှာ ဘုရား မတည်သင့်ပါ..

အများပြည်သူ အပန်းဖြေရာနေရာဖြစ်တဲ့ ဟိုက်ပါ ရေတံခွန်နားမှာ ဘုရား မတည်သင့်ပါ။ ရေတံခွန်နားက ကုန်းပေါ်မှာရှိနေတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ ဘုရားတည်သင့်ပါတယ်။

ရေတံခွန်နားမှာ အပမ်းဖြေကြ ရေကူးကြ အဝတ်အစားလဲကြနဲ့ မသင့်တော်ပါဘူး။ ဟိုရေတံခွန်သွားလည်း ဘုရား၊ ဒီရေတံခွန်သွားလည်း ဘုရား၊ ဒီလှိုင်ဂူသွားလည်း ဘုရား နဲ့ ဘုရားတွေ တော်တော်များနေပါပြီ။ အများပြည်သူ အပမ်းဖြေတဲ့နေရာကို အပမ်းဖြေတဲ့နေရာအတိုင်းထားတာပဲ သင့်တော်ပါတယ်။ အပမ်းဖြေတဲ့နေရာမှာ ဘုရားသွားတည်ရင် ဘုရားပေါ်တက်ပြီး အပမ်းဖြေကြရင် မသင့်တော်ပါဘူး။ နေရာတကာ ဘုရားလိုက်တည်နေလို့ မရပါဘူး။ ဘုရားကို နေရာတကျ တည်ထားကိုးကွယ်သင့်ပါတယ်။ ဘုရားသာရှိရင်လည်း နှစ်သက်မြတ်နိုးတော်မူမှာ မဟုတ်ပါဘူး။ အပြင်မှာ ဘုရားလိုက်တည်ဖို့ထက် နှလုံးသားမှာ ဘုရားတည်ပေးနိုင်အောင်ကြိုးစားကြပါ။

Ashin Sanda Zawti

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page