ပင်ကူလူသားလို တက်လာပြီး (၇) လွှာ အပေါ်ဆုံးထပ်က ဖုန်းကို ရအောင်ခိုးသွားတဲ့ သူခိုး
ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်မှာ နေပါတယ်..
မနေ့ မနက်က ဖုန်းတက်ခိုးသွားတဲ့ သူခိုးရဲ့ ခြေရာတွေပါ.. တိုက် ၂ တိုက်ကြားကနေ ဟိုဘက်နင်း ဒီဘက်နင်း တက်လာပီးမှ အခန်းထဲ ဝင်လာတာပါ (၇ လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်လာတာပါ)
အခြားသူတွေလဲ သတိထားရအောင်လို့ပါ.. နွေက ပူ၊ မီးက ပျက်တယ် ဆိုပီး ပြတင်းပေါက်မှာ သံပန်း သံဇကာ မပါတဲ့ အခန်းတွေဆို ပြတင်းပေါက် ဖွင့်မအိပ်ကြပါနဲ့.. ပြီးတော့ သူတို့ ဝင်လာတာကို လူ မသိအောင် အိပ်ငွေ့ချနည်း တခုခု သုံးတယ်လို့ ထင်တယ်.. ခေါင်းအုံးအောက်က ဖုန်းကို ရအောင် ယူသွားလို့ပါ.. ဘယ်ရောက်ရောက် ဖုန်းကို ခေါင်းအုံးအောက်မှာ ထားအိပ်တက်တဲ့ အကျင့်ရှိတာ ကြာပါပြီ..