ထီဖွင့်တဲ့ မနက်မှာ ဘဝကို ပြောင်းလဲသွားစေတဲ့ ဖုန်းတကော (ဟာသ လုံးဝ မဟုတ်ပါ)

လှံထမ်းလာတာပဲ မြင်ရတယ် ကံထမ်းလာတာ မမြင်ရဘူးဆိုတာ တယ်မှန်သကို

ဖုန်းသံမြည်လာလို့ ကြည့်လိုက်တော့ နံပါတ်ကအစိမ်းကြီး ဘယ်ကပါလဲဆိုပြီးဖုန်းကိုင်လိုက်တော့… “ဟယ်လို——–ထီဆိုင်ကပါခင်ဗျ…” ဝုန်းကနဲထထိုင်လိုက်ပြီး ကတုန်ကရင်ဖြစ်သွားတဲ့စိတ်တွေကြောင့် စကားလုံးတွေတောင် ရစ်သမ်မမှန်ချင်တော့

“ဟယ်လို ဟယ်လို ဟုတ်ကဲ့ပြောပါ” “——— ထီဆိုင်က ထီများထိုးထားသေးလားဗျ” “ဟာ…ဟုတ် ထိုးတာပေါ့ဗျာ အဲ့ထီသည်ဆီက ကျွန်တော်လတိုင်းထိုးတာဗျ ဒီတစ်ပါတ်မှာလည်း ထိုးထားပါတယ်ဗျ…” စကားတွေကရားရေလွှတ်တွေပြောမိပြီး ရင်တွေကလဲခုန် အင်း ခြေထောက်တွေပါတုန်နေတာဗျ

တစ်ဖက်က ပြောလာမယ့် စကားကို ရင်မောစွာ စောင့်နေမိ ခေါင်းထဲမှာရော မျက်လုံးထဲမှာပါ တိုက်တွေပေါ်လာလိုက် ၊ ကားတွေမြင်လိုက်နဲ့ပေါ့ဗျာ… ဟီးဟီး…ဖြစ်နေတာဖြစ်နေတာ ..

“လူကြီးမင်း အဲ့ဆိုင်က ထီထိုးထားသာ သေချာရင်တော့ စိတ်မကောင်းပါဘူး အဲ့ထီသည်ဦးကြီး ကိုဗစ် ကူးစက်ခံထားရပြီမို့ သူ့ထံမှ ထီထိုးထားသူအားလုံး ၂၁ ရက် Q ၀င်ရပါမယ် ဆေးစစ်ရပါမယ်….. အခုပဲလူကြီးမင်းကို လာရောက် ခေါ်ဆောင် တော့မှာမို့ အဆင်သင့်ပြင်ဆင်ထားဖို့ အကြောင်းကြားတာပါ ဒါပါပဲ” …..ဂွပ်…. “တိန်”

Zaw Zaw Aung Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page