ဖုန်း တလုံး လူ့အသက် ၃ ချောင်း (တသိန်းကျော်လောက်ပဲ တန်တဲ့ဖုန်းအတွက် ဖြစ်မှ ဖြစ်ရလေ)
ဖုန်း တလုံး လူ့အသက် ၃ ချောင်း (တသိန်းကျော်လောက်ပဲ တန်တဲ့ဖုန်းအတွက် ဖြစ်မှ ဖြစ်ရလေ)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အိမ်သာကျင်းထဲ ကျသွားသောဖုန်း ဆင်းဆယ်ရာမှ လူသုံးဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ယမန်နေ့ည ၁၀ နာရီက ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာ နေအိမ်တစ်လုံးတွင် အိမ်သာကျင်းထဲ ပြုတ်ကျသောဖုန်းကို တစ်ရွာတည်းနေ အမျိုးသားမှ ဆယ်ယူခိုင်းခဲ့တာ ဖြစ်ပါတယ်။
၎င်းမှာ ပြန်တက်မလာ၍ ဖုန်းပိုင်ရှင်မှ ဆင်းကြည့်ခဲ့သည်။ နှစ်ဦးစလုံး တက်မလာသဖြင့် ဖုန်းပိုင်ရှင်၏ ဖခင် မှ လိုက်လံဆင်းကြည့်ရာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
အိမ်သာကျင်းမှာ အနက် ၉ ပေခန့် ရှိပါတယ်။ “တွင်းထဲမှာ ရေကလည်း နည်းနည်းပဲရှိတာ။ အရင်ဆင်းသွားကြတဲ့ နှစ်ယောက်က ဆယ်ယူရတာ ခက်ခဲလို့ ကြာနေခဲ့သေးတာ”ဟု ဆယ်ယူပြီး ဆေးရုံပို့ဆောင်ပေးခဲ့သူ အုပ်တိုက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။
သေဆုံးသူ ၃ ဦးအနက် အရင်ဆင်းသွားကြသော ၂ ဦးမှာ နေရာတွင် သေဆုံးသည်ဟု သိရပြီး နောက်မှ လိုက်ဆင်းခဲ့သော ဖခင်ဖြစ်သူမှာ ချောင်းနားတိုက်နယ်ဆေးရုံ၌ သေဆုံးခဲ့ကြောင်းသိရပါတယ်။