မြူးဇစ်ဇုန် ကေတီဗီသည် ဦးသန်းရွှေမြေး ဖိုးလပြည့် အပိုင်မဟုတ်ဟု ဖခင်ဖြစ်သူ ပြောကြား
မြူးဇစ်ဇုန် ကေတီဗီသည် ဦးသန်းရွှေမြေး ဖိုးလပြည့် အပိုင်မဟုတ်ဟု ဖခင်ဖြစ်သူ ပြောကြား
လတ်တလော ကိုဗစ် ဒုတိယလိုင်းဖြစ်စဉ်တွင် သက်င်္နးကျွန်း မြို့နယ်အတွင်း ပိုးတွေ့လူနာအများဆုံး တွေ့ရသော မြူးဇစ်ဇုန်ကေတီဗီကို ဦးနေမောင် ၏ သား နေရွှေသွေးအောင် ဖွင့်လှစ်ထားသည်ဟုဆိုကာ အသရေဖျက်ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ဦးနေမောင်က ၎င်း၏လူမှုကွန်ယက်ဖေ့ဘွတ်ခ်က တစ်ဆင့်ရေးသားပြောဆိုလိုက်ပါတယ်။
ဦးနေမောင်ကပြောကြားရာတွင် ယင်းကေတီဗီသည် “မဖွင့်ခင်ကပင် သား ဖိုးလ ပိုင်သယောင်ယောင် ပြောပြီး ဖွင့်ပြီးချိန်တွင်လည်း ဝိတ်တာလေးများကို ပိုင်ရှင်ဘယ်သူလည်းမေးလျင် ပြော၍ မရပါကြောင်း ဟုတ်သယောင်ယောင် ဖြစ်အောင် ရဲများ မဝင်အောင် နည်းဗျူဟာသုံးကြောင်းထားကြောင်း” ရဲစခန်းမှ ပြောပြချက်အရ သိရသည်ဟုရေးသားထားပါတယ်။
“နေရွှေသွေးအောင်မှာ အများထင်သလို လုပ်ငန်းကြီးများလည်း မရှိသည့်ပြင် ကေတီဗီ ကလပ်များ ဖွင့်ရန်မဆို ထားနှင့် သွားရောက်လေ့ပင် မရှိပါ။ထို့ကြောင့် မနာလို ဝန်တိုမစ္ဆရိယစိတ်ဖြင့် နာမည်ဖျက်မှု များသည် လုံးဝ မဟုတ်မှန်ကြောင်း သိစေအပ်ပါသည်” ဟု ဖိုးလပြည့်ခေါ် ကိုနေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဦးနေမောင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။