ကျန်းမာရေးဝန်ထမ်းတွေကို မျက်ရည်ကျစေခဲ့တဲ့ ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ နှုတ်ဆက်စကားတခွန်း

ကျန်းမာရေးဝန်ထမ်းတွေကို မျက်ရည်ကျစေခဲ့တဲ့ ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ နှုတ်ဆက်စကားတခွန်း

နေပြည်တော်ကနေ အလုပ်ထွက်ပြီး ပြန်လာတဲ့ ဖီဖီဝန်ကြီး ဦးမြင့်ထွေးနဲ့ ဒုဝန်ကြီး မမကြီး မြလေးစိန်ကို ရန်ကုန်အဝင် လှည်းကူး ဇီးရိုးမိုင်မှာ ကြိုကြတယ်။

ဆရာကြီး ရန်ကုန်တိုင်းကျန်းမာဦးစီးမှူးရယ် တိုင်းရုံးက ဆရာတချို့ရယ် ကိုယ်တို့ လှည်းကူးက ဆရာကြီးတီအမ်အိုရယ် မြို့နယ်ရုံးရောက်နေတဲ့ HA တချို့ရယ်၊ ဂိတ်ဂျူတီကျနေတဲ့BHSP တွေရယ်ပေါ့။

ဆရာကြီးကားကို တားပြီး နှုတ်ဆက်ကြတော့ ဆရာကြီးက အံ့သြသွားခဲ့တယ်။ နောက်တော့ စကားတွေပြောကြ နှုတ်ဆက်ကြ ဆရာကြီးက အရမ်းဝမ်းသာတယ်တဲ့ ဘဝတလျှောက်လုံး ကြိုဆိုနှုတ်ဆက်ခံရတဲ့ထဲမှာ ဒီတကြိမ် ဝမ်းအသာဆုံးပဲ ဘယ်တော့မှ မမေ့ဘူးတဲ့။ ဘာရာထူး ဘာလုပ်ပိုင်ခွင့်မှ မရှိတော့တဲ့အချိန်မှာ ခုလိုကြိုကြလို့တဲ့။

“အလုပ်တွေစေတနာထားပြီး လုပ်ကြပါ ကိုဗစ် ကာကွယ်ဆေးကို ဆက်ထိုးပေးကြပါ Mask တပ် Face shield လည်း တပ်ကြဦး ဒါက အရေးကြီးတယ်လို့ မှာသွားခဲ့ပါတယ်။

ဒုဝန်ကြီး မမကြီးကလည်း ကျန်းမာအောင်နေကြ လေ့ကျင့်ခန်းတွေ လုပ်ကြနော်လို့ မှာပါတယ်။ ကားဘေးက မြေကြီးပေါ်မှာပဲ ကျမတို့တွေအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံးနဲ့ ရိုရိုကျိုးကျိုး ဦးခိုက်ကန်တော့ကြပါတယ်။

ဆရာကြီး ဖီဖီဝန်ကြီးက “ကျန်းမာကြပါစေ ချမ်းသာပါစေ ဘေးအန္တရာယ်ကင်းရှင်းပါစေ ကျန်းမာရေးလည်း ဂရုစိုက်ကြ Mask တပ် Face shield လည်း တပ်ကြဦး အလုပ်တွေစေတနာထားပြီး လုပ်ကြပါ” လို့ ဆုပေးရင်း မှာသွားခဲ့တယ်။ ကျမတို့တတွေအယောက်တိုင်းဆီက ရှိုက်သံတိုးတိုးဟာ

ချောစုဝင်း HA လှည်းကူးမြို့။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page