လူနာသစ် ထပ်လက်မခံတော့တဲ့ ဖောင်ကြီးဆေးရုံနဲ့ ထပ်တိုး လူနာများအတွက် နေရာများ အမြန်လိုအပ်နေ

လူနာသစ် ထပ်လက်မခံတော့တဲ့ ဖောင်ကြီးဆေးရုံနဲ့ ထပ်တိုး လူနာများအတွက် နေရာများ အမြန်လိုအပ်နေ

ကျွန်တော် လူနာအမှတ် ၁၆၄၇ ပါ ဖောင်ကြီးမှာ နေရပါတယ်…အဆင်မပြေမှု အနည်းငယ် ရှိပေမယ့် နေလို့တော့ရပါတယ် ခင်ဗျ။ ​ဒါပေမယ့် ကျွန်တော်စိုးရိမ်နေသလို အခုတော့ ဖြစ်လာပါပြီ…

ဖောင်ကြီးမှာ အဆောင်တွေပြည့်သွားလို့လားမသိ Positive လူနာအသစ်တွေကို ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ရိုးမအိမ်ရာဝင်းကို စပို့နေပါပြီ နေရမယ့် နေရာကတိုက်ခန်းတွေပါ အကြမ်းထည် ဟောတိုက်ပါ။ တစ်ခန်း ၄ ယောက်နေရပါတယ် အဲကွန်း မပါ၊ ပန်ကာ မပါပါဘူး။ ယောက်ျား မိန်းမ ခွဲ ထားတယ် ဆိုပေမယ့် တစ်ခန်းနဲ့ တစ်ခန်း ပြတင်းတွေဖွင့်ထားရတော့ အတိုင်းသားမြင်နေရပါတယ်

ပြောချင်တာက Positive တွေ့ပေမယ့် ဘာရောဂါမှ မဖြစ်တဲ့ လူတွေကို ဘာလို့ အတင်းတွေ ထိန်းသိမ်းနေကျတာလဲ အဲ့လိုတွေ ထားတော့ လူနာတွေမှာ အနေဆင်းရဲ အစားဆင်းရဲ နဲ့ စိတ်ဓာတ်တွေကျပြီး ဘာမှမဖြစ်တဲ့လူတွေက အခုတော့ အိပ်ရေးလည်းမဝ အစားလည်း မစားနိုင် ဖြစ်ရတော့မယ်(ရောက်ရောက်ခြင်း စိတ်ဓာတ်တွေကျ)

ကိုဗစ် ဖြစ်ပြီဆို အဓိကက ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ် အဲ့တော့ကောင်းကောင်းစား ကောင်းကောင်းအိပ်ရဖို့ လိုပါတယ် ဘာဆေးမှ မကူနိုင်ပါဘူး….နဂိုတည်းက Positive ဖြစ်လို့ စိတ်အားငယ် စိတ်ဓာတ်ကျ(အနည်းနဲ့အများတော့ စိတ်ဓာတ်ကျတယ်)နေတဲ့ ဝေဒနာသည်တွေကို ဒီလိုကြီးထားမလို့လားဗျာ….ဒီပုံစံအတိုင်းဆို ဘယ်လိုလုပ် စိတ်ချမ်းသာသာ အိပ်နိုင်/စားနိုင် မှာလည်း ဗျာ…

ဘယ်သူ့အတွက်မှ အကျိုးမရှိလည်း လူကြိုက်များအောင် အတင်းကြီးတွေ တာဝန်ယူပြ(နိုင်လည်းမနိုင်ကြပါဘူး) နေတာတွေ ရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေပဲ လုပ်ဖို့ အချိန်တန်နေပါပြီဗျာ… လိုအပ်သလောက်ပဲ တာဝန်ယူပါတော့….

နိုင်ငံတော်လည်း မကုန်သင့်တာမကုန် Positive သမားတွေလည်း ကိုယ့်တာဝန်ကိုယူတဲ့အနေနဲ့ တတ်နိုင်တဲ့ လူက Hotel မှာပဲ နေပါစေ(hotel ခကိုတော့ တန်ရာတန်ကြေးဖြစ်ရပါမယ်) မတတ်နိုင်တဲ့ လူတွေကိုတော့ အစိုးရက တာဝန်ယူရပါမယ် အဲ့လိုဆို လူတိုင်းကို တာဝန်မယူရတဲ့အတွက် ရှိတဲ့လူကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထိန်းသိမ်းနိုင်ပါမယ်။

Positive တွေက မရပ်သေးပါဘူး ထပ်တွေ့မယ့် အခြေအနေတွေပါ အားလုံးအတွက်အဆင်ပြေမယ့် ညွှန်ကြားချက်တွေ ချလို့ မှီပါသေးတယ်။

လူတိုင်းကိုလည်း Facility Quarantine သွင်းနေလို့ အဆင်မပြေပါဘူး။ Home Quarantine ပဲထားသင့်ရင်ထား Hotel တတ်နိုင်တဲ့လူ Hotel မှာ နေပါစေ… ငွေကြေးလည်း မတတ်နိုင် အိမ်မှာနေဖို့အဆင်မပြေတဲ့ လူတွေကိုသာ FQ ပို့သင့်ပါတယ် အဲ့လိုဆို Q စင်တာ တွေ ကျန်းမာရေးဝန်ထမ်းတွေစေတနာ့ဝန်ထမ်းတွေလည်း ပိုထွက်လာပါမယ် အဲ့ Centre တွေကို Positive လူနာတွေထားဖို့ Positive centre အဖြစ်ပြောင်းလို့ရပါတယ်

ယခုအတိုင်းဆို ရေရှည် မလွယ်ပါဘူး ကျန်းမာရေး ဝန်ထမ်းတွေလည်း တော်တော် ပင်ပန်းနေပါပြီ…အားလုံး စုပြုံ ပေါက်ကွဲကုန်ရင် ထိန်းရသိမ်းရခက်သွားပါမယ်…ကျေးဇူးပြု၍ ပြည်ထောင်စုအဆင့် လူ့ကြီးမင်းများခင်ဗျ။ ရန်ကုန်တိုင်းကို စိတ်ချလက်ချ မလွှတ်ထားပါနဲ့လို့ ဘာမှ မလုပ်တတ်ပါဘူးလို့……

သိတတ်နားလည်တဲ့ ပညာရှင်များလည်း ဝိုင်းပြောကျပါဦးဗျာ….လက်ရှိ ရိုးမအိမ်ရာ ရောက်နေတဲ့ လူနာအမည်များနဲ့ ပက်သက်တာတွေကိုတော့ ကျင့်ဝတ်အရ ထည့်မရေးတော့ပါဘူးခင်ဗျ

နောက်ဆုံးရသတင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအား သက်ဆိုင်ရာ ပညာရှင်များပူးပေါင်းပါဝင်ဖွဲ့စည်းလိုက်ပြီ ဟု ကြားသိရပါသ်

စိုးရိမ်ပူပန်မှု များစွာဖြင့်…….

၁၆၄၇
ခေတ္တ ဖောင်ကြီး
၀၉၄၂၀၀၀၉၄၇၂

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page