ဖောင်ကြီးဆေးရုံမှ ဝမ်းနည်းစရာ အဖြစ်အပျက် (ကိုယ့်မိဘရဲ့ နောက်ဆုံးအချိန်ကိုတောင် ကြည့်ခွင့် မရခဲ့တဲ့အဖြစ်)
ဖောင်ကြီးဆေးရုံမှ ဝမ်းနည်းစရာ အဖြစ်အပျက် (ကိုယ့်မိဘရဲ့ နောက်ဆုံးအချိန်ကိုတောင် ကြည့်ခွင့် မရခဲ့တဲ့ အဖြစ်)
စာလေးဆုံးအောင်ဖတ်ကြည့်ပါ။ ဒီ ည ၁၀ နာရီမှာ ဖောင်ကြီးမှာ ကိုဗစ်နဲ့ ဆုံးသွားတဲ့ အသိအန်တီတယောက်ရဲ့ အမေ သတင်းထုတ်ပြန်တဲ့ထဲမှာတော့ မပါသေးဘူး မနက်ကျပါလာမယ်ထင်တယ်.. ၁၀ နာရီမှာ ဆုံးတော့ သူတို့လဲ သိသိချင်း ဘာလုပ်ရမှန်းမသိတော့ ကျမဆီကို ည ၁၁ နာရီမှာ ပြောလာပါတယ် သမီးရေ အဖွားဆုံးပြီ တဲ့ သူဘယ်လိုလုပ်ရမလဲ အရမ်းတွေ့ချင်တယ် ကူညီပေးပါဦးတဲ့…
ကိုယ်လဲ ပရဟိတအသိဘာညာ ရှိတေ့ာ ကိုယ် ဘာကူညီနိုင်မလဲ အပြေးအလွှား စဥ်းစားရတယ် မိဘဆုံးတော့ ဘယ်သားသမီးမဆို တွေ့ချင်မှာပါဘဲ..နောက်ပြီး သူတို့ကိုယ်တိုင်က Q ဝင်နေရတော့ ဘာမှမတက်နိုင်ခဲ့ဘူး.. အဲ့မှာတင်ချက်ခြင်း
ဖောင်ကြီးက ဆရာဝန်ကိုဖုန်းဆက် ကျမအဖွားမြေးပါ အဖွားကိုနောက်ဆုံးတွေ့ချင်တယ် (ကိုယ်ကူညီနိုင်တာသည် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုစီစီတီဗီကတစ်ဆင့်ဘဲ ရ ရ) ရမလား ရှင့်ဆိုတော့
တစ်နာရီအတွင်း ရောက်မယ်ဆိုရင်တော့ မှီပါမယ် ရောက်အောင်လာခဲ့ပါ ဟုတ်ပြီ လာမယ် ည ၁၁ နာရီထိုးမှာ အိမ်ကနေ ထွက်ပြီး တခြား ပရဟိတနီးစပ်သူတွေ အကူအညီတောင်း ဖောင်ကြီးကို အမှီသွားမယ်ဆိုထွက်ခဲ့တယ် (ဒါသည်အရမ်းသတ္တိ ရှိလို့မဟုတ် မိသားစုတစုကို စာနာလို့) ဒီစာရေးနေရင်းလဲ လမ်းပေါ်မှာဘဲ အစစ်အဆေးများစွာနဲ့ သွားနေဆဲ..
ဖုန်းဝင်လာတယ် မလာနဲ့တော့ သဂြိုလ် လိုက်ပြီတဲ့…ဒါဆိုနောက်ဆုံးအနေနဲ့ အကူအညီတောင်းထားတဲ့ ပုံလေးတပုံလောက်တောင် မရဘူးလား ဆရာ မရလိုက်ဘူး။ သယ်သွားပြီ ဆေးဖျန်းနေပြီ.. ဖောင်ကြီးမှာဘဲ သဂြိုလ်မှာ စီစီတီဗီ ကနေပြန်ရိုက်ထားတဲ့(မျက်နှာတော့ သေသေချာချာမမြင်ရ)တဲ့ပုံလေးတပုံတော့ ပို့ပေးခဲ့ပါတယ် ကူးစက်ရောဂါဆိုတော့ အခုလိုလေးလုပ်ပေးတာတောင် တကယ်ကျေးဇူးတင်မိပါတယ်..
ပြောချင်တာ သည် သဂြိုလ်လိုက်ကြတဲ့ တာဝန်ရှိသူတွေရဲ့ အပြစ်လဲမဟုတ်ပါ သူတို့လဲသူတို့ဥပဒေ(ပြဌာန်းချက်) ဆိုတာရှိမှာပါ ဒါဟာကူးစက်ရောဂါဖြစ်တဲ့အတွက် .သူတို့အလုပ် သူတို့လုပ်တာပါ ဒါပေမဲ့ သေသွား ရတာတောင်မှ မိသားစု တွေ့ခွင့်မရ မျက်နှာလေးတောင် ပုံလေးထဲမှာ တောင်မြင်ခွင့်မရ ကန်တော့ခွင့်မရ အထီးကျန်စွာ တိတ်တဆိတ် သေ သွား ခဲ့ရတယ် ဘယ်သူမှ ဘာမှလုပ်ပေးခွင့်မရဘူး တယောက်ထဲ ထွက်သွားရတယ်..အတွက်တော့ တကယ်ခံစားရတယ်
ကိုယ်တိုင်လဲကူညီနေပေမဲ့ ဘာမှထိရောက်မှု မရှိခဲ့တဲ့အတွက် တကယ်ဘဲ စိတ်မကောင်းဖြစ်ရတယ် မိသားစူကိုယ်စား.. သူတို့ကိုယ်တိုင် မိဘဆုံးတာတောင် မြင်ခွင့်မရ ကြည့်ခွင့်မရ ဘာမှ လုပ်ခွင့်မရခဲ့ဘူး
ဆောက်တည်ရာမဲ့တဲ့ ဘာမှမတက်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရတဲ့ ငိုသံတွေ တကယ်မခံစားနိုင်ခဲ့ဘူး။
တကယ်တော့ ဒီရောဂါဟာ……
Shwe Yay Chel