အွန်လိုင်းပေါ်မှာ ပြောတာနဲ့ တခြားစီ ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံရဲ့ တကယ့်အခြေအနေ (လူနာကိုယ်တွေ့)

အွန်လိုင်းပေါ်မှာ ပြောတာနဲ့ တခြားစီ ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံရဲ့ တကယ့်အခြေအနေ (လူနာကိုယ်တွေ့)

ကျွန်တော် ဖောင်ကြီးရာမညဆောင်မှာ လက်ရှိတက်နေတဲ့ လူနာတယောက်ပါ ဖောင်ကြီးနဲ့ပတ်သက်ပြီး အမြင်မှားနေတဲ့လူတွေ ရှိရင်ရှိမယ် ဒါပေမဲ့ ကျွန်တော်မြင်ရတဲ့ အခြေအနေကို ပြောပြချင်ပါတယ် တချို့အတ္တကြီးတဲ့လူတွေအဖို့ သူတို့ဆန္ဒပြည့်ဝဘို့ဆိုတာမလွယ်ပါဘူး တချို့အဆိုးမြင်သမားတွေအဖို့တော့ ဘယ်တော့မှ အမြင်မှန်ဘို့ မလွယ်ပါဘူး

၁။ အသုံးအဆောင်ပစ္စည်းများ

၁၃-၉-၂၀၂၀ ကိုးနာရီကျော်လောက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ဆေးရုံကြီးကနေ စထွက်လာပါတယ် လမ်းမှာ ဆေး(၂)ကုသဆောင်မှာ လူထပ်တင်ပါတယ် လူတော့ နဲနဲကျပ်ပါတယ် ကားနဲနဲကြီးရင်ပိုအဆင်ပြေပါမယ်ဖောင်ကြီးကို ည ၁၂:၀၀ကျော်ကျော်လောက်ရောက်ပါတယ် အဲဒီရောက် တော့ အိပ်ယာ အိပ်ယာခင်း ခြင်ထောင်ခေါင်းအုန်း စောင် သွားပွတ်တန် သွားတိုက်ဆေး ဆပ်ပြာ ဆပ်ပြာခွက်ခေါင်းလျှော်ရေ ရေမွှေး Hand Gel ပုတီး Maskက အစ လိုလေသေးမရှိအောင် နိင်ငံတော်ကဖြည့်ဆည်းပေးထားတာတွေ့လို့ အံ့သြမိပါတယ် ရောဂါကူးစက်တဲ့သူတွေများလာလို့ တယောက်ခန်းတော့ မရတော့ပါဘူး Hall ထဲမှာတယောက်နဲ့တယောက်ခန့်မှန်း7ပေလောက်ခြားထားပေးပါတယ် စားပွဲတလုံးပေးပါတယ်အားလုံးဘယ်ညာကုတင်26လုံးရှိပါတယ်.

၂။ အစားအသောက်

ရောက်တဲ့ညမှာ တယောက်ချင်းစီ ဖုန်းဆက်ပြီး ဘာတွေမစားဘူးလဲဆိုတာ မေးပါတယ် နောက်နေ့ မနက်စာ ခေါက်ဆွဲကြော် နေ့လည် ငါးဖယ်ကုန်းဘောင်ကျော် အာလူးဟင်းငပိ သခွါးသီး ညစာ ငါးအရိုးလွတ် ကန်စွန်းရွက်ကျော် ချဉ်ပေါင်ကျော် စုံပါတယ် အစ္စလာမ်ဘာသာဝင်တွေအတွက် ဟာလာ သက်သက်လွတ်သမားတွေအတွက် အသီးအရွက် ထမင်းဘူးကအပိုတွေ ပို့ထားပေးပါတယ် တချို့လူငယ်တွေ အစားကြီးရင် ထပ်စားရအောင်ပါ .တနေ့ ၃ နပ်ကျွေးပါတယ် အဆင်ပြေပါတယ် ဆေးကတော့ အိုရာမင်းစီ ပေးပါတယ်။

၃။ ကျန်းမာရေးစောင့်ရှောက်မှု

အားလုံးသုံးဘို့ သွေးပေါင်တိုင်းစက် အဖျားတိုင်းကရိယာ အောက်စီဂျင် နှလုံးခုန်နှန်းတိုင်းတဲ့စက်လေးတွေ ထားပေးပါတယ် မနက် ၆ နာရီဆို စပီကာနဲ့ အားလုံးသွေးတိုင်း အဖျားတိုင်း အောက်စီဂျင်တိုင်းပြီးရင် တာဝန်ကျဆရာဝန်ဆီ ဗိုင်ဘာ နဲ့ပို့ရပါတယ် အဖြေကြည့်ပြီး လိုအပ်တဲ့လူနာကို တိုက်ရိုက် မေးပါတယ်။ ဆေးပို့ပေးပါတယ် အရေးပေါ်ဖြစ်ရင်တော့ PPE ဝတ်ပြီးကားနဲ့လာခေါ်ပါတယ်။ အချိန်တော့ နဲနဲစောင့်ရပါတယ်။ ၁၆-၉-၂၀၂၀မှာ အပေါ်ထပ်က တယောက် သွေးပေါင်ကျလို့ အဆောင်ပြောင်းပေးပါတယ်။ ပြီးတော့ နေကောင်းသွားပြီဆိုတဲ့ အကြောင်းပြန်ပြောပြပါတယ်

ရန်ကုန်ဆေးရုံကြီးက ဗိုက်ခွဲလူနာ ဆန်ပြုတ်စားချင်တယ်ဆိုလို့ ဆန်ပြုတ်ပို့ပေးပါတယ် မီဒီယာမှာရေးသလို အဆင်မပြေတာမဟုတ်ပါ သူတို့အားလုံး အဆင်ပြေတယ် ပြောပါတယ် နေ့စဉ် ရီပို့ တွေကြည့်ပြီး ဆရာဝန်တွေဆေးပေးတယ် ကိုယ်ခံစားတာပြောပြီးလိုအပ်တဲ့ဆေးတွေတောင်းလို့ရပါတယ် ၁၆-၉-၂၀၂၀ နေ့ကဘဲ အမျိုးသမီးလူနာ ၃ ယောက်အဆောင်ပြောင်းဘို့လာခေါ်သွားပါတယ် ရာမညဆောင်မှာတော့ အရေးပေါ်ပြုစုဘို့မရှိပါ လိုအပ်ရင်ပြည့်စုံတဲ့ အဆောင်ကိုရွှေ့ပါတယ် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှာတော့ လိုအပ်ချက် အနည်းငယ်ရှိပါတယ် နောက်မှရေးပါအုန်းမယ်။

Soe Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page