ဖောင်ကြီးဆေးရုံက ကိုယ်ချင်းမစာတဲ့ လူနာအချို့ကြောင့် ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်ကျနေ

ဖောင်ကြီးဆေးရုံက ကိုယ်ချင်းမစာတဲ့ လူနာအချို့ကြောင့် ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်ကျနေ

ဖောင်ကြီးဆေးရုံမှာ ၂ ပတ် ဆက်တိုက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးရဲ့ ရင်ထဲက စကားသံကို ဖော်ပြ ပေးလိုက်ပါတယ်-

ဖောင်ကြီးမှာ၂ပတ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ကျတယ် တာဝန်လဲကျေအောင် လုပ်တယ် အဲ့ဒါကို နောက်၂ပတ် ထပ်ဆင်းခိုင်းတယ် အဆင်မပြေတော့ဘူး ကမအဝရေ

PPE တစ်ခါဝတ်ရင် ပျမ်းမျှ ၁-၃ နာရီထိ ကြာတယ် အထဲမှာလဲ လူနာတွေက အန်ဖတ်ကျုံးခိုင်းတယ် အီးကျုံးခိုင်းတယ် ကော်ဖီဖျော်ခိုင်းတယ် အရမ်းအခြေအနေဆိုးတဲ့ လူနာမို့ဆိုတစ်မျိုး အခုဟာက လူကအကောင်း လမ်းလဲ လျှောက်နိုင်ရဲ့သားနဲ့ တမင်ကို လုပ်ခိုင်းနေတာ

အိမ်သာလဲရှိတယ် လမ်းလဲလျှောက်နိုင်ရက်နဲ့ ခုတင်ပေါ် ပါချပီး သန့်ရှင်းရေးလုပ်ခိုင်းတဲ့ လူနာတွေလဲရှိတယ် ဟဲ့နင်တို့ ငါခိုင်းတာမလုပ်နိုင်ရင် ငါ့ကိုမခေါ်ထားနဲ့ ဆေးရုံကြီးပြန်ပို့ပေးဆိုပီး ဖုန်းဆက်ဆဲတဲ့ လူနာနဲ့ ကျွန်တော်တို့လဲ တတ်နိုင်သလောက်တော့ လုပ်ပေးနေပါတယ်ဗျာ

ဖောင်ကြီးလို ရာသီဥတုမှာ PPE ဝတ်ရတာ တကယ့်ငရဲပဲ။ ဦးဦးဒေါ်ဒေါ်ကိုကိုမမတို့ကလဲ ငါတော့ positive ဖြစ်သွားပြီ ငါ့ကို ကုပေးကြစမ်း ငါဘာမှမလုပ်နိုင်တော့ဘူးဆိုပီး မနေကြပဲ ကူညီပေးကြရင် အရမ်းအဆင်ပြေမှာပါ မဖြစ်သေးတဲ့ လူတွေလဲ အိမ်မှာပဲ နေကြပါ mask တပ်ကြပါ ကူညီကြပါအုံး

Ye Yint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page