အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ နိုင်ငံရေးသမားတွေ (စွန့်လွှတ်သွားသူ အားလုံးကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်)

အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ နိုင်ငံရေးသမားတွေ (စွန့်လွှတ်သွားသူ အားလုံးကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်)

လီကွမ်းယူရဲ့ဈာပနအခမ်းအနားမှာ သူ့သားအကြီးဆုံး ရှန်လွန်း (လက်ရှိဝန်ကြီးချုပ်) ပြန်ပြောပြတဲ့ တကယ့်အဖြစ်အပျက်လေးကို နားထောင်ရင်း မျက်ရည်ဝဲမိခဲ့ရဖူးပါတယ်။

အချိန်ကား စင်ကာပူက မလေးရှားကနေ ခွဲထွက်ကာ လွတ်လပ်ရေးရဖို့ တိုက်ယူနေကြရချိန်ဖြစ်ပါတယ်။ နိုင်ငံရေးသမားလီကွမ်ယူဟာ စင်ကာပူမြို့ကိုယ်စားပြုလို့ ကွာလာလမ်ပူက လွှတ်တော်အထိ သွားတက်ရပါတယ်။ တစ်ရက် ခွဲထွက်ရေးအဆိုကို မဲခွဲဆုံးဖြတ်ရမယ့် အရေးကြီးအစည်းအဝေးသွားဖို့ ပြင်နေချိန် အတူပါလာတဲ့ မိသားစုအနက် သားကြီးဖြစ်သူ ရှန်လွန်းလေးကို အသာနိုးပြီး ခုလိုပြောသတဲ့။

ငါ့သား၊ အဖေ ဒီကနေ့အရေးကြီးတဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုတက်ဖို့သွားရမယ်။ မတော်လို့ လုပ်ကြံခံခဲ့ရရင် ငါ့သားဟာ ဒီမိသားစုမှာ သားအကြီးဆုံးပဲ။ ညီလေးနဲ့ ညီမလေးကို အဖေမရှိချိန်မှာ စောင့်ရှောက်ပါ။ မေမေ့ကို အတတ်နိုင်ဆုံး ကူညီပေးပါလို့ မှာသတဲ့။

ရှန်လွန်းကလေးဟာ အဲဒီနေ့က သူ့အဖေ အိမ်ပြန်မရောက်မချင်း စိတ်ပူနေခဲ့ရပါသတဲ့။ လီရှန်လွန်းဟာ ဒီစကားပြောရင်း မျက်ရည်တွေသုတ်လို့၊ နားထောင်နေတဲ့ ကျွန်တော်လည်း ဘာသားနဲ့ထုထားတာလဲ၊ တစ်ရှူးထုပ်ကြီး အတော်လျော့သွားပါတယ်။

နိုင်ငံရေးသမားဘဝဆိုတာဟာ အချိန်မရွေး အသက်ပါသွားနိုင်ပါလားဆိုတာကို နားလည်ခံစားရမိပါတယ်။ ကျောက်မဲအမတ် သတင်းတွေ ခပ်စိပ်စိပ်ဖတ်ရအပြီး ဒီပို့စ်ကို ရေးလိုက်ရပါတယ်။ နိုင်ငံရေးသမားစစ်စစ်တွေဟာ မိသားစုအရေးထက် တိုင်းပြည်နဲ့လူမျိုးအပေါ် အချိန်မရွေး အသက်ကိုပေးဆပ်ဖို့ စွန့်လွှတ်အနစ်နာခံကြသူများ ဖြစ်ကြလို့ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page