ချင်းပြည်နယ် ဖလမ်းလေဆိပ်တွင် လေယာဥ်ဆင်းသက်ခြင်း စမ်းသပ်မှု အောင်မြင်ပြီ
ချင်းပြည်နယ် ဖလမ်းလေဆိပ်တွင် လေယာဥ်ဆင်းသက်ခြင်း စမ်းသပ်မှု အောင်မြင်ပြီ
ချင်းပြည်နယ် ဖလမ်း ဆူရ်ဘုန်လေဆိပ် ယနေ့ လေယာဉ် စတင်ဆင်းသက်ခြင်း စမ်းသပ်ခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရပါတယ်။
အောက်တိုဘာ ၂၇ရက် မနက်ပိုင်းတွင် လေယာဉ်ကွင်းပြေးလမ်းသို့ လေယာဉ်စတင် ဆင်းသက်ခြင်းကို စမ်းသပ်ခဲ့ပြီး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဖလမ်း ဆူရ်ဘုန်လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည် ၆၀၀၀၊ အကျယ် ပေ ၁၀၀ ရှိပါတယ်။
ကျပ် ၃၄ ဘီလျံ ကုန်ကျခံတည်ဆောက်ခဲ့သော ဆူရ်ဘုန်လေဆိပ် စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။