ကိုဗစ်ကပ်ရောဂါ မြန်မာပြည်မှာ ဘယ်အချိန်ပြီးဆုံးမည်ကို အတိအကျ ပြောမရဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
ကိုဗစ်ကပ်ရောဂါ မြန်မာပြည်မှာ ဘယ်အချိန်ပြီးဆုံးမယ်ဆိုတာ အတိအကျ ပြောမရဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ၊ ရန်ကုန်တိုင်းရဲ့ Stay at Home ရလဒ် နှစ်ပတ်ကြာမှ သိသာမယ်
ရန်ကုန်တိုင်းမှာ ပြုလုပ်လိုက်တဲ့ Stay at Home အစီအစဉ်ရဲ့ထိရောက်မှု ဟာ အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်မှ သိသာတဲ့အကျိုးရလဒ် ပေါ်ပေါက်လာမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ပြည်သူတွေကို အသိပေးလိုက်ပါတယ်။
ဒါအပြင် ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာ ဘယ်အချိန် ပြီးဆုံးမယ်ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် ပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ စည်းကမ်းလိုက်နာမှု ကောင်းလျှင် ကောင်သလို ကူးစက်မှု အရှိန်အဟုန်ကျသွားပြီးနိုင်နင်းတဲ့အခြေအနေကို အမြန်ဆုံးရောက်မယ်လို့ ဆိုထားပါတယ်။
ဒီအချိန်မှာအထိရောက်ဆုံး နဲ့ငွေကုန်ကြေးကျမရှိဆုံးနည်းဗျုဟာ ကတော့ ပြည်သူတွေ မိမိအိမ်တွင်သာနေထိုင်ပြီး မမြစ်မနေ ကိစ္စရပ်တွေအတွက် ပြည်ပကိုထွက်ရတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာပဲဖြစ်တယ်လို့လည်း သတိပေးထားတာကိုတွေ့ရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဓိကဆောင်ရွက်နေတဲ့ အချက်သုံးချက်ကိုလည်းရှင်းပြထားပါတယ်။
ဒီအချက်တွေကတော့ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှု မဖြစ်စေဖို့နဲ့ လူနာတွေ အသက် ဆုံးရှုံးမှုမရှိစေဖို့ ၊ Quarantine စင်တာတွေ ပိုရဖို့နဲ့ စနစ်တကျ ပီပီပြင်ပြင် စီမံခန့်ခွဲ နိုင်ရေး ၊ ကိုဗစ်လူနာ နဲ့ ထိတွေ့မိသူတွေကို စုံစမ်းရှာဖွေနိုင်ရေးတို့ပဲဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ လူနာသေဆုံးမှု နည်းဖို့ ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့မအား ၊ညမအား အစွမ်ကုန်ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။