မြတ်စွာဘုရားဟောတဲ့ တရားအရ “အားလုံးဟာ ရောဂါသည်တွေချည်းပါပဲ”

မြတ်စွာဘုရားဟောတဲ့ တရားအရ “အားလုံးဟာ ရောဂါသည်တွေချည်းပါပဲ”

မြတ်စွာဘုရားကို ရဟန်းတစ်ပါးက မေးလျှောက်ပါတယ်

ရောဂေါ ရောဂေါတိ ဘန္တေ ကတမော ခေါ ရောဂေါ။ အရှင်ဘုရား လောကလူသားတွေဟာ ရောဂါ ရောဂါ ဆိုပြီးတော့ပြောနေကြပါတယ်ဘုရား အဘယ်အရာကိုရောဂါလို့ ခေါ်ပါလဲဘုရားလို့ မေးလျောက်တဲ့အခါ

ဗုဒ္ဓက ရောဂေါ ရောဂေါတိ ဘိက္ခဝေ ရူပါနမေတံ အဓိဝစနံ။ ရဟန်းတို့ ရောဂါ ဆိုတဲ့စကား(နာမည်)ဟာ ရုပ်တရားရဲ့အမည်တစ်မျိုးဖြစ်တယ်။ ရုပ်တရားကိုခေါ်တာဖြစ်တယ်။

အော် ရုပ်ခန္ဓာ ရလာတာဟာ ရောဂါရတာနဲ့အတူတူပါဘဲ။ အားလုံးက ရောဂါသည်ကြီးပါလို့ စိတ်အပူကို ဓမ္မကူပြီး ဓမ္မသဘောနဲ့ နှစ်သိမ့်အေးချမ်းနိုင်ကြပါစေ။

မေတ္တာဖြင့် အရှင်စန္ဒြမဏိ အလင်းအိမ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page