မြန်မာပြည်ကို ပေါက်ဖော်ရင်ခွင်ထဲက အစွမ်းကုန် ဆွဲထုတ်တော့မယ့် အိန္ဒိယ

မြန်မာပြည်ကို ပေါက်ဖော်ရင်ခွင်ထဲက အစွမ်းကုန် ဆွဲထုတ်တော့မယ့် အိန္ဒိယ

လွန်ခဲ့တဲ့နှစ်တွေတုန်းက အိန္ဒိယဟာ တရုပ်တို့ရဲ့ ပုလဲသွယ်ဗျူဟာ ကိုတန်ပြန်တဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တရုပ်ရင်ခွင်ထဲက ပြန်ထုတ်ယူခဲ့ရပါတယ် မနှစ်ကတော့ သီရိလင်္ကာနဲ့ မော်လဒိုက်တို့ကိုပြန်ဆွဲထုတ်နိုင်ခဲ့ပါတယ် အခုတစ်ခေါက်မှာတော့ အိန္ဒိယဟာ သူ့ရဲ့(အိမ်နီးချင်းသာပထမနဲ့အရှေ့သို့)မူဝါဒအရ မြန်မာကို အာရုံစိုက်လာပါပြီ။

မြန်မာဟာ တရုပ်တို့နဲ့ရော အိန္ဒိယနဲ့ပါ ရှည်လျားတဲ့ နယ်နိမိတ်မျဥ်းနဲ့ ဆက်စပ်နေပါတယ် မြန်မာပြည်ရဲ့နိုဝင်ဘာလ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်လေးမှာ အိန္ဒိယထိပ်တန်း အရာရှိတွေဟာ နိုင်ငံခြားရေးအတွင်းဝန်နဲ့ စစ်ဦးစီးချုပ်တို့ဦးဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒီဖက်တိုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို တနင်္ဂနွေနေ့မှာလာရောက်တွေ့ဆုံကြဖို့ရှိပါတယ်

တွေ့ဆုံချိန်မှာ ကမ်းရိုးတန်းရေကြောင်း သွားလာရေး သဘောတူညီချက်ဖြစ်တဲ့ ကုလားတန် ဘက်စုံစီမံကိန်း သဘောတူစာချုပ်ရယ် လက်နက်ကိုင် သောင်းကျန်းသူတွေကိစ္စ နဲ့ပတ်သက်ပြီးနှစ်နိုင်ငံလုံခြုံရေးလက်တွဲဆောင်ရွက်ဖို့ သဘောတူညီချက်စာချုပ်တွေကို လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ် အဲ့ဒိမတိုင်ခင်မှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဌာနအရာရှိတွေဟာ ဗီဒီယိုကွန်ဖရင့်ပြုလုပ်ပြီး စစ်တွေဆိပ်ကမ်း (Chabahar of the East) စတင်အသုံးပြုရေးကို ၂၀၂၁ ခုနှစ် ပထမသုံးလအတွင်းမှာ စတင်နိုင်ဖို့ နှစ်ဖက်ဆုံးဖြတ်နိုင်ခဲ့ပါတယ်

“အိန္ဒိယရဲ့ မြန်မာနိုင်ငံအပေါ် အထောက်အပံ့ဟာ ၁.၄ ဘီလီယန်ဒေါ်လာ လောက်ရှိပါတယ် ကိုဗစ်ကပ်ရောဂါ ဖြစ်နေလို့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် စစ်တွေ ဆိပ်ကမ်း ကိုလာမယ့်နှစ် ပထမသုံးလအတွင်းစတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်နေပါတယ် လို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ကသူ့ရဲ့ အဖွင့်မှတ်ချက်မှာထည့်ပြောခဲ့ပါတယ် မြန်မာရဲ့ ကြွေးမြီကိစ္စကိုလည်းG20 ရဲ့သက်သာခွင့်ကိုအသုံးပြုပြီး ဆိုင်းငံ့ထားပေးသွားမယ်လို့ သိရပါတယ်

အခြား အခြေခံအဆောက်အအုံပရောဂျက်တွေနဲ့ ပတ်သက်လို့ ဆက်ပြောရာမှာ အိန္ဒိယမြန်မာထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းပေါ်က တံတားအစင်းပေါင်း ၆၉ ခု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း တင်ဒါလုပ်ငန်းတွေကို ဆောင်ရွက်ပါမယ် တမူး ခေတ်မှီ စုပေါင်းစစ်ဆေးရေးနေရာ အဆောက်အအုံများ တည်ဆောက်ရေး ကိုလည်း စတင်ဆောင်ရွက်မှာဖြစ်သလို ကျောင်းပေါင်း ၁၅ကျောင်း ဆောက်လုပ်လှူဒါန်းရေးနဲ့ စက်မှုလယ်ယာအဆင့်မြှင့်တင်ရေးတို့အတွက် ဂျပန်နဲ့အတူပူးပေါင်းပြီး နားလည်မှုစာချွန်လွှာတွေ မကြာခင် လက်မှတ်ထိုးသွားပါ့မယ်

ဘွေနူးတံတား တည်ဆောက်ရေးမှာလည်း ထောက်ပံ့သွားမှာပါ ဒီတံတားဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် လို့လည်း ပြောပါတယ်။ အိန္ဒိယဟာ တရုပ်တို့ရဲ့ မြန်မာအပေါ်ထားတဲ့ သဘောထားကို နက်နက်နဲနဲ လေ့လာသုံးသပ်ထားပြီး ဖြစ်တယ်လို့ ထင်ရှားပါတယ်

အခုလာတဲ့ အိန္ဒိယချစ်ကြည်ရေးခရီးစဥ်ဟာ မြန်မာကို အစွမ်းကုန်ထောက်ပံ့မယ်လို့ လာပြောတာပါပဲ မြန်မာစစ်တပ်နဲ့ရဲတို့ကို အိန္ဒိယက လေ့ကျင့်ခန်းများ သင်ကြားပေးခြင်းအားဖြင့်လည်း ကူညီထားသလို အစိုးရကိုလည်း ပြည်တွင်းလုံခြုံရေး ကိစ္စတွေမှာဖြေရှင်းနိုင်ဖို့ အကူအညီတွေပေးခဲ့ပါတယ်

အဓိကဖွံ့ဖြိုးရေး ပရောဂျက်တွေမှာ ငွေကြေးလည်း ထောက်ပံ့ပေးနေလျှက် ရှိပါတယ် စစ်ဦးစီးချုပ်နဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ရဲ့ အခုခရီးစဥ်ဟာ အိန္ဒိယအနေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဖက်က ရပ်တည်နေတယ်ဆိုတာကို တရုပ်ပြည်ကသိအောင် အချက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ် မြန်မာဟာ သီရိလင်္ကာနဲ့ မော်လဒိုက်အပြီးမှာ တရုပ်လက်ထဲက ဆွဲထုတ်ဖို့ နောက်ဆုံးကျန်တဲ့ အိမ်နီးချင်းဖြစ်ပါတယ် အိန္ဒိယဟာ အိမ်နီးချင်းတွေကို မျက်နှာမလွှဲထားဘူးဆိုတာကိုပြသတဲ့ ခရီးစဥ်ဖြစ်ပါတယ်လို့ ဟင်ဒူစတန်တိုင်းမ် သတင်းစာမှာရေးသားထားပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page