သေသေချာချာ မထိန်းချုပ်နိုင်ရင် ကိုဗစ်က ဒုက္ခပေးမယ့် သီတင်းကျွတ် ပိတ်ရက် (၅) ရက် (ဒေါက်တာဇော်ဝေစိုး)

သေသေချာချာ မထိန်းချုပ်နိုင်ရင် ကိုဗစ်က ဒုက္ခပေးမယ့် သီတင်းကျွတ် ပိတ်ရက် (၅) ရက် (ဒေါက်တာဇော်ဝေစိုး)

သီတင်းကျွတ်ရုံးပိတ်ရက် ၅ ရက်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ရန် ကိုဗစ်က ဒုက္ခပေးနိုင်တယ်လို့ ရန်ကုန် ကိုဗစ်ကော်မတီဒုတိယ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

ဒေါက်တာဇော်ဝေစိုးက “ ကျွန်တော့်အနေနဲ့ပြောရရင် အခု ရုံးပိတ်ရက် ၅ ရက်ရှိမှာဖြစ်ပါတယ်။ ရုံးပိတ်ရက် ၅ ရက်ဟာကျွန်တော်တို့ အသုံးချတတ်ရင် ကိုဗစ် ထိန်းချုပ်ရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသုံးမချတတ်လို့ မလိုက်နာ မဆောင်ရွက်ရင် ဒီ ၅ ရက်က ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ၅ ရက် ဖြစ်ပါတယ်။

ဒါကိုအားလုံး သိရှိပြီး သတိကြီးစွာဖြင့် နေထိုင်သွား လာဖို့လိုသလို သည်းခံ ထိန်းချုပ်ကြဖို့ အရေးကြီးပါတယ်။ ကိုဗစ်-၁၉ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့် အညီ မိဘဘိုးဘွားတွေကို အရိုအသေပေးဖို့လိုအပ်တယ်” လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောချက်တွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံ ကိုဗစ်ကာလ ထိန်းချုပ်ရေးမှာ ပြောင်းလဲသွားနိုင်တဲ့ အချိန်ကာလတစ်ခု ဖြစ်နေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုး ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page